Connect with us

Videos

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင် ရွှံ့မြေပြိုကျမှုကြောင့် နှစ်ဦး သေဆုံးကာ ၁၆ ဦးပျောက်ဆုံး

ရှီးအန်း ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် မြို့တော်ရှီးအန်း၏ မြို့ပြင်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်တုံးများနှင့် ရွှံ့မြေများ ပြိုကျမှု ဩဂုတ် ၁၁ ရက် ညနေပိုင်းတွင် ဖြစ်ပွားပြီးနောက် လူနှစ်ဦး သေဆုံးကာ ၁၆ ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ယင်းဖြစ်စဉ်သည် Chang’an ခရိုင်၏အစွန် Luanzhen မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ညနေ ၆ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့ကြောင်း ရှီးအန်းမြို့ရှိ မြူနီစီပယ်အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများ နှင့် သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။

ကျောက်တုံးနှင့်ရွှံ့မြေများ ပြိုကျမှုကြောင့် လူနေအိမ်နှစ်လုံး အပြင် လမ်းများ ၊ တံတားများ နှင့် လျှပ်စစ် ဓာတ်အားပေး အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ၊ ကယ်ဆယ်ရေးသမားများက ယခုထိ ပိတ်မိသူ လေးဦးကို ကယ်ဆယ်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————-
Two dead, 16 missing in NW China mud slide
Two people are confirmed dead and 16 others are missing after torrential rains caused a rock and mud slide in the suburbs of Xi’an, capital of northwest China’s Shaanxi Province, Friday evening, local authorities said.
The accident happened at around 6 p.m. in a village of Luanzhen Township on the outskirts of Chang’an District, according to sources with the municipal emergency management authorities in Xi’an.
They said the rock and mud slide damaged two residential houses as well as roads, bridges and power supply facilities. Rescuers have so far saved four people who were trapped, and rescue work is continuing.
Xinhua News Agency correspondents reporting from Xi’an, China.(XHTV)