Connect with us

Media

အာဖဂန်ယာယီအစိုးရက တရုတ်နိုင်ငံကို အထူးအလေးထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ပြော

ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံကို အထူးအလေးထားကြောင်းနှင့် အာဖဂန်အရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ကျေးဇူးတင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်က ပြောခဲ့သည်။

“တရုတ်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အလွန်ပဲအရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ အထူးအလေးထားပါတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ သံတမန်ရေးကဏ္ဍတွေမှာပေါ့” ဟု မူဂျာဟစ်က ဆင်ဟွာနှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ကမ္ဘာ့စင်မြင့်ပေါ်မှာ အာဖဂန်ပြည်သူတွေရဲ့ အသံတွေကြားသိနိုင်စေဖို့ ကူညီပေးခဲ့တယ်” ဟု မူဂျာဟစ်က ဆိုသည်။

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ အကူအညီအလိုအပ်ဆုံးအချိန်မှာ ကူညီပေးခဲ့ကြောင်း၊ အထူးသဖြင့် ရေကြီးရေလျှံမှု အပါအဝင် ဆိုးရွားလှသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်၌ ကူညီပေးခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းသွားပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်ပွားနိုင်သည့်အခြေအနေကို ကာကွယ်ရန် တရုတ်နိုင်ငံက အာဖဂန်နစ္စတန်အား စားသောက်ကုန်များနှင့် ဆောင်းရာသီအဝတ်အထည်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီသော အရေးပေါ်အကူအညီများ ပံ့ပိုးပေးခဲ့သည်။

“တရုတ်နိုင်ငံက ကျွန်တော်တို့နဲ့ ကောင်းမွန်တဲ့ကုန်သွယ်ရေးဆက်ဆံမှုရှိပြီး ကျွန်တော်တို့ တရုတ်ကိုပို့ကုန်တွေပို့ပါတယ်။ သစ်သီးခြောက်တွေကတော့ အာဖဂန်နစ္စတန်မှ တရုတ်ထံ အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းတွေထဲက တစ်မျိုးဖြစ်ပါတယ်” ဟု ထိုတာဝန်ရှိသူ ဆိုသည်။
“ဒေသတွင်းမှာ စီးပွားရေးအားကောင်းတဲ့နိုင်ငံဖြစ်တဲ့ တရုတ်က စီးပွားရေးနယ်ပယ်မှာ အာဖဂန်နစ္စတန်ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုမှာပေါ့” ဟု မူဂျာဟစ်က ဆင်ဟွာသို့ ပြောသည်။ (Xinhua)

………………………………
(English Version)
Afghan caretaker gov’t attaches great importance to China, says spokesman
KANDAHAR, Afghanistan, Aug. 14 (Xinhua) — The Afghan caretaker government attaches great importance to neighboring China and appreciates China’s role in the Afghan issue, the administration’s chief spokesman Zabihullah Mujahid said.
“Our relation with China is very important, and we attach great importance to it, especially in the economic and diplomatic sectors,” Mujahid told Xinhua in a recent exclusive interview.
“China has helped the voice of Afghan people heard on the world stage,” Mujahid said.
China assisted Afghanistan during times of dire need, particularly when the nation was devastated by natural disasters, including floods, the official said.
To help prevent a possible humanitarian catastrophe, China has provided millions of U.S. dollars in emergency aid to Afghanistan, including food supplies and winter clothes, after U.S.-led coalition forces withdrew from Afghanistan.
“We have good trade relations with China and we have made exports to China. Dry fruit is one of the items that Afghanistan exported in large quantity to China,” the official said.
“We hope that China, as a strong economic power in the region, can help Afghanistan in the economic field, especially in investment,” Mujahid told Xinhua.