Connect with us

Videos

တူရကီနိုင်ငံက ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးညီလာခံ လက်ခံကျင်းပရန် အဆင်သင့်ရှိကြောင်း သမ္မတ အာဒိုဂန် ပြောကြား

အစ္စတန်ဘူလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

လက်ရှိယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန် ရုရှားနိုင်ငံပါဝင်မည့် ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ဖြစ်မြောက်စေရေးအတွက် တူရကီနိုင်ငံက ကမ်းလှမ်းထားကြောင်း သမ္မတ ရီဆပ်တေရစ်ပ် အာဒိုဂန်က ကြေညာခဲ့သည်။သမ္မတအာဒိုဂန်က တူရကီနိုင်ငံသို့ လာရောက်ခဲ့သည့် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် အစ္စတန်ဘူလ်မြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက မတ် ၈ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ယင်းမှာ တူရကီနိုင်ငံသို့ ဇယ်လန်စကီး၏ ဒုတိယမြောက်ခရီးစဉ် ဖြစ်လာခဲ့သည်။ သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှာမှာ မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————————–
Erdogan says Türkiye ready to host Russia-Ukraine peace summit during Zelensky’s visit
Turkish President Recep Tayyip Erdogan announced Friday that Türkiye offers to facilitate a peace summit that would include Russia to solve the current Ukraine crisis.
Erdogan made the remarks during a joint press conference with visiting Ukrainian President Volodymyr Zelensky following their discussions at Istanbul’s Dolmabahce Palace.
The Ukrainian president’s visit to Istanbul, which began at approximately 2 p.m. local time (1100 GMT) on Friday, marked his second trip to Türkiye. Prior to the press briefing, the two leaders held a meeting that lasted about 90 minutes.
Xinhua News Agency correspondents reporting from Istanbul, Türkiye.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.