Connect with us

Media

မြန်မာနိုင်ငံက သုံးလနီးပါးကာလအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၁၉ ဘီလီယံ ရရှိ

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သုံးလနီးပါးကာလအတွင်း လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၁၉ ဘီလီယံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇွန် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၄ ရက်အတွင်း ဝင်ငွေရရှိမှုပမာဏမှာ ယမန်နှစ် အလားတူကာလကရရှိခဲ့သော ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၁ သန်းမှ တိုးတက်လာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်း စသည်တို့ကို အဓိကတင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ပမာဏသည် ဇွန် ၁၄ ရက်အထိ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံရှိကြောင်း ဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar earns 1.19 bln USD from agricultural product export in almost three months
YANGON, June 23 (Xinhua) — Myanmar earned 1.19 billion U.S. dollars from agricultural product export in almost three months of the current fiscal year 2024-25, according to the Ministry of Commerce on Sunday.
Between April 1 and June 14 this year, the figure increased from 731 million dollars reported during the same period last year, according to the ministry’s data.
The Southeast Asian country mainly exports agricultural products, animal products, marine products, minerals, forest products and manufacturing goods.
As of June 14, Myanmar’s total exports amounted to 2.9 billion dollars, according to the ministry.
Photo: A shop displays beans and pulses in gunny bags at a wholesale market in Yangon, Myanmar, Feb. 1, 2023. (Photo by Myo Kyaw Soe/Xinhua)