Connect with us

Media

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ သဘာဝဘေးဒဏ်သင့်ကျေးရွာများတွင် ပြတ်တောက်သွားသည့် ဆက်သွယ်ရေး ပြန်လည်ကောင်းမွန်စေရေး ဒရုန်းက ကူညီပေး

ချန်ရှား၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဟွေ့ထုန်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တောင်ကျရေများနှင့် ရွှံ့နွံပြိုကျမှုများ ဖြစ်ပွားကာ လမ်းများနှင့် ဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့သည်။အဆိုပါ ပြတ်တောက်သွားခဲ့သည့် မိုဘိုင်းလ်ဆက်သွယ်ရေး ပြန်လည်ရရှိစေရေးအတွက် အခြေစိုက်စခန်းတစ်ခုအား သယ်ဆောင်ထားသည့် အလျား ၆ မီတာ၊ အနံ ၄ မီတာရှိသော ဒရုန်းတစ်စင်းကို အသုံးပြုခဲ့သည်။ FS100 ဂြိုဟ်တုဆက်သွယ်ရေးဒရုန်းက သဘာဝဘေးဒဏ်သင့် ကျေးရွာ ၆ ရွာအပေါ်တွင် ၄ နာရီကြာ ပျံသန်းကာ ကယ်ဆယ်ရေးတာဝန်ရှိသူများနှင့် အဆက်အသွယ် ရရှိစေရေး အထောက်အကူပေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
Drone helps resume disrupted communication in disaster-hit villages in China’s Hunan
Torrential rains have triggered mountain torrents and mudslides, cutting off roads and telecommunication supplies in Huitong County, central China’s Hunan Province. A 6-meter-long and 4-meter-wide drone carrying a base station was used to help resume the disrupted mobile communication. This FS100 satellite communication drone kept flying around for 4 hours above six disaster-hit villages, enabling them to get in touch with rescue authorities.
Xinhua News Agency correspondents reporting from Changsha, China. (XHTV)