Connect with us

Media

တရုတ်နိုင်ငံ၏ AS700 လူတင်လေသင်္ဘောက ပထမဆုံး ပြည်နယ်ဖြတ်ကျော်လေကြောင်းပျံသန်းမှု ပြုလုပ်

ဝူဟန့်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် AS700 အရပ်ဘက် လူတင်လေသင်္ဘောက ပထမဆုံး ပြည်နယ်ဖြတ်ကျော် လေကြောင်းပျံသန်းမှုအား ဩဂုတ် ၂၁ ရက်က ပြုလုပ်ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်း ကော်ပိုရေးရှင်း (AVIC) ထံမှ သိရသည်။
အဆိုပါလေသင်္ဘောက လေကြောင်းပျံသန်းမှုအတွင်း ကီလိုမီတာ ၁,၀၀၀ ကျော် ပျံသန်းခဲ့ပြီး တရုတ်ပြည်တွင်းထုတ် လူတင်လေသင်္ဘောက အရှည်ကြာဆုံး ပျံသန်းနိုင်မှုနှင့် အကွာအဝေး ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်သူ AVIC က ပြောကြားခဲ့သည်။
လူတင်လေသင်္ဘောက တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် Jingmen မြို့ရှိ လေဆိပ်မှ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ပြီး ဟူနန်ပြည်နယ်အား ဖြတ်ကျော်ပျံသန်းကာ ဒေသန္တရလေဆိပ်များ၌ ခရီးတစ်ထောက် ရပ်နားမှု နှစ်ခါ ပြုလုပ်ပြီး ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင်မြို့သို့ လုံခြုံဘေးကင်းစွာ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
ပြည်နယ်ဖြတ်ကျော် ပျံသန်းမှုအတွင်း အမြင့် ၅၀၀ မှ ၁,၉၉၀ မီတာတွင် ပျံသန်းကာ အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၆၀ မှ ၈၀ အထိ ရှိပြီး စုစုပေါင်း ပျံသန်းမှုကြာချိန် ၁၂ နာရီနှင့် ၄၄ မိနစ်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
China’s AS700 manned airship makes first trans-provincial ferry flight
China’s independently-developed AS700 civil manned airship completed its first trans-provincial ferry flight on Wednesday, according to the Aviation Industry Corporation of China (AVIC).
The airship flew over 1,000 km during the ferry flight, marking the longest flight endurance and range achieved by a Chinese homegrown manned airship, said the AVIC, the country’s leading aircraft manufacturer.
The AS700 took off on Tuesday morning from an airport in Jingmen, central China’s Hubei Province. It flew over the neighboring Hunan Province, making two stopovers at local airports, and arrived safely in Guilin, south China’s Guangxi Zhuang Autonomous Region, by noon on Wednesday, according to AVIC.
During the trans-provincial journey, its total flight duration was 12 hours and 44 minutes, with a flight height of 500 to 1,990 meters, and a speed of 60 to 80 km per hour.
Xinhua News Agency correspondents reporting from Wuhan, China. (XHTV)