Connect with us

Media

တရုတ်ကြက်ခြေနီအသင်းက ရေဘေးသင့် ဘင်္ဂလားဒေ့ရှ်သို့ ကန်ဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်း

ဒါကာ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Yao Wen က ဘင်္ဂလားဒေ့ရှ်လခြမ်းနီအသင်းဥက္ကဋ္ဌ M U Kabir Chowdhury နှင့် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ကြက်ခြေနီအသင်းကိုယ်စား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရေဘေးဒဏ်သင့်သူများအား ကူညီရန် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများက ဘင်္ဂလားဒေ့ရှ်ပြည်သူများအား အလွန်အမင်း စိုးရိမ်ပူပန်ကာ စာနာမိပါကြောင်း ၊ သဘာဝဘေးဒဏ် မကြာခဏ ကြုံတွေ့ခံစားနေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီအစိုးရနှင့် ပြည်သူများအား အမှန်တကယ် ကိုယ်ချင်းစာနာမိပါကြောင်း ၊ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရချိန်တွင် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား အလျင်အမြန် ပေးအပ်ခဲ့ကြောင်း ဒါကာမြို့၌ ပြုလုပ်သည့် အခမ်းအနားတွင် သံအမတ် Yao Wen က ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
Chinese Red Cross Society donates 100,000 USD to flood-affected Bangladesh
Chinese Ambassador to Bangladesh Yao Wen met with Chairman of the Bangladesh Red Crescent Society M U Kabir Chowdhury and donated 100,000 U.S. dollars on behalf of the Red Cross Society of China to assist flood victims in Bangladesh on Monday.
During a ceremony held in Dhaka, Yao said that the Chinese government and people are deeply concerned and empathize with the people of Bangladesh. As a country that also frequently suffers from natural disasters, China extends its sincere sympathies to the interim government and the people of Bangladesh. In the face of the floods, the Red Cross Society of China promptly provided humanitarian assistance to Bangladesh.
Xinhua News Agency correspondents reporting from Dhaka. (XHTV)