Connect with us

Media

ပြင်သစ်နိုင်ငံမှ လေထီးခုန်သမား Serrano က လေထီးခုန် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပစ်မှတ်ထိမှန်ခြင်းဆုရရှိ

ကျန်းကျားကျဲ့၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲ့မြို့ရှိ ထျန်းအန်းမင်တောင်ပေါ်တွင် ပြုလုပ်သည့် ၁၀ ကြိမ်မြောက် ကမ္ဘာ့လေထီးခုန်လိဂ် (WWL) လေထီးခုန် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ ပစ်မှတ်ထိမှန်ခြင်းဆုကို ပြင်သစ် လေထီးခုန်အားကစားသမား Ambroise Serrano က ရရှိခဲ့သည်။
ပစ်မှတ်မှာ ပွဲကြည့်ပရိသတ်နေရာမှ အထက် ၁၅ မီတာခန့်သာရှိသော တောင်ကြားလေဟာနယ်နေရာတွင်ဖြစ်ပြီး ယင်းလေဟာနယ်ရှိ ပစ်မှတ်အကျယ်အဝန်းမှာ အများဆုံးအချင်း ၀.၈ မီတာနှင့် ဗဟိုချက်မှာ ၁၀ စင်တီမီတာဖြစ်သည်။
ဖိုင်နယ်ပွဲတွင် ပြိုင်ပွဲဝင် ရှစ်ဦးက မီတာ ၁,၄၀၀ နီးပါးအမြင့်မှ ခုန်ချကာ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများက ထူးချွန်ပြောင်မြောက်သော အရည်အချင်းများ ပြသခဲ့ကြသလို အံ့အားသင့်ဖွယ်စွမ်းဆောင်မှုများကိုလည်း သရုပ်ဖော်ပြသခဲ့ကြသည်။
Serrano သည် ပြိုင်ပွဲ အဆင့်နှစ်ဆင့်ပြီးနောက် ရမှတ် ၁၆၀ ရရှိထားပြီး ၎င်း၏နောက်တွင် တောင်အာဖရိကမှ Jean Jacques Wallis နှင့် တရုတ်နိုင်ငံမှ Zhang Shupeng တို့က ဒုတိယနှင့် တတိယနေရာအသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………..
(English Version)
France’s Serrano wins target-hitting title at Wingsuit World Championship
French wingsuit pilot Ambroise Serrano claimed the target-hitting title at the tenth World Wingsuit League (WWL) Wingsuit World Championship at Tianmen Mountain in Zhangjiajie, central China’s Hunan Province on Thursday.
The target for the precision fly-through competition is placed between mountain gaps just 15 meters above the Visitors’ Square. The target has a maximum diameter of 0.8 meters at the outer ring and 10 centimeters at the center.
The final eight competitors jumped in turns from the nearly 1,400-meter-high mountain. In the competition, the contestants showcased remarkable skills and demonstrated astonishing capabilities.
Serrano topped with 160 points after two rounds of competition. Jean Jacques Wallis of South Africa and home wingsuiter Zhang Shupeng ranked second and third, respectively.