Connect with us

Media

တရုတ်ကုမ္ပဏီများက ယူအေအီးနိုင်ငံ၏ သန့်စင်စွမ်းအင် အသွင်ကူးပြောင်းမှုကို အားဖြည့်ပံ့ပိုးလျက်ရှိ

ဒူဘိုင်းမြို့မှ မိုဟာမက်ဘင် ရာရှစ် အယ်လ်မက်တွန်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ တည်ရှိရာ တောင်ဘက်သို့ ကားဖြင့်သွားမည်ဆိုလျှင် သဲကန္တာရထဲ၌ အလွန်စူးရှတောက်ပသော အလင်းစက်ဝန်းတစ်ခုကို ကီလိုမီတာ ၂၀ ကျော်အကွာမှ မြင်တွေ့ရမည်ဖြစ်သည်။
နေဝန်းနှင့် သဏ္ဌာန်တူဖန်တီးထားသော အဆိုပါ အံ့မခန်းဖွယ်မြင်ကွင်းမှာ ကမ္ဘာ့အမြင့်ဆုံး နေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် မျှော်စင်ကြီးပင်ဖြစ်သည်။ အလျား ၂၆၃ မီတာရှိသော ယင်းအဆောက်အအုံအား မှန် သို့မဟုတ် မှန်ဘီလူးများဖြင့် နေရောင်ခြည်စွမ်းအင်ကို ဖမ်းယူသိုလှောင်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း (CSP) နှင့် Photovoltaic (PV) နှစ်မျိုးစပ်စီမံကိန်း တစ်စိတ်တစ်ဒေသအဖြစ် Shanghai Electric Group ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………………………………………………………………
(English Version)
Chinese companies help drive UAE’s clean energy transition
Driving south from Dubai toward the Mohammed bin Rashid Al Maktoum Solar Park, a dazzling light sphere comes into view from over 20 km away in the desert.
This extraordinary sight, which resembles an artificial sun, is the world’s tallest solar power tower. The 263-meter structure was built by Shanghai Electric Group as part of a hybrid concentrated solar power (CSP) and photovoltaic (PV) project.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.