Media
ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာ အသင်းနှင့် ၂၀၂၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို
ဘာစီလိုနာအသင်း၏ ဘရာဇီး တိုက်စစ်ကစားသမား ရာဖင်ညာမှာ ၂၀၂၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း ကလပ်အသင်းက မေ ၂၂ ရက်၌ အတည်ပြုကြေညာခဲ့သည်။
“ဘရာဇီး တိုက်စစ်ကစားသမားဟာ ကလပ်အသင်းရုံးခန်းမှာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ၊ ဒုတိယဥက္ကဋ္ဌ-၁ ရာဖာ ရူစတေး၊ အားကစားဒါရိုက်တာ အန်ဒါဆန် လူးဝစ်စ် ဒီဆူဇာ ‘ဒေကို’ နဲ့ တခြားတာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာပဲ မေ ၂၂ ရက်က စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ဘာစီလိုနာအသင်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာထားသည်။
ထိုကြေညာချက်မှာ ၂၀၂၂ ခုနှစ် နွေရာသီတွင် လိဒ်စ်ယူနိုက်တက်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သည့် အသက် ၂၈ နှစ်အရွယ် ရာဖင်ညာအတွက် ကံကြမ္မာအလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာခြင်းကို ညွှန်ပြလျက်ရှိသည်။
ဘာစီလိုနာအနေဖြင့် ယမန်နှစ် နွေရာသီက ရာဖင်ညာအား ရောင်းချရန် စီစဉ်ခဲ့သော်လည်း ကစားသမားသစ် ခေါ်ယူရာတွင် အခက်အခဲများ ရှိနေသည့်အတွက် နောက်ဆုံးတွင် ၎င်းအား အသင်း၌ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရာဖင်ညာမှာ နည်းပြဟန်ဆီဖလစ်ခ်လက်ထက်တွင် ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည်။ ဘာစီလိုနာအနေဖြင့် လာလီဂါဆုဖလားနှင့် စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့ရာတွင် ရောဘတ် လီဝန်ဒေါစကီးတစ်ဦးသာလျှင် ပြိုင်ပွဲစုံ၌ သွင်းဂိုး ၄၀ ရရှိထားပြီး ရာဖင်ညာထက် ဂိုးပိုမိုသွင်းယူနိုင်ခဲ့သည်။ (Xinhua)
………………….
(English Version)
Raphinha pens contract extension with FC Barcelona
FC Barcelona announced Thursday that Brazilian forward Raphinha has signed a contract extension through June 2028.
“The Brazilian forward signed his new contract on Thursday at the Club offices in the presence of FC Barcelona president Joan Laporta, first vice-president Rafa Yuste and Club sporting director Anderson Luis de Souza ‘Deco’, among others,” the club said on its website.
The announcement marks a reversal in fortunes for the 28-year-old, who joined Barcelona from Leeds United in the summer of 2022.
The club had considered selling him last summer, but ultimately decided to keep him due to difficulties in signing new players. Raphinha has since delivered an impressive return of 34 goals and 25 assists in 54 appearances under coach Hansi Flick. Only Robert Lewandowski, with 40 goals in all competitions, has scored more as Barcelona went on to win La Liga and the Copa del Rey.