Videos
ပေါ်တူဂီက ဂျာမနီကို အနိုင်ယူကာ နေးရှင်းလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်
ဇွန် ၄ ရက်က မြူးနစ်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဂျာမနီအသင်းအား နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်အသင်း၏ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ရေး မျှော်လင့်ချက်များကို အဆုံးသတ်စေခဲ့သည်။ အဆိုပါ ပွဲစဉ်၌ အဆုံးအဖြတ်ဖြစ်စေမည့် အနိုင်ဂိုးကို ခရစ္စတီယာနို ရော်နယ်ဒိုက သွင်းယူခဲ့ခြင်းဖြစ်သည်။အဆိုပါပွဲစဉ်အား မိုးသီးမုန်တိုင်း ကျရောက်မှုကြောင့် ၁၀ မိနစ်နောက်ကျပြီးမှ ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ကာ ဂျာမနီက ပိုမိုမြန်ဆန်စွာ ကစားကွက်အထိုင်ကျခဲ့ပြီး လီယွန် ဂေ့ါဇ်ကာက ပေါ်တူဂီဂိုးသမား ဒီယိုဂို ကော်စတာကို စောစောစီးစီး ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့သလို ပွဲဦးထွက် ပါဝင်ခွင့်ရခဲ့သည့် နစ်ခ် ဝိုလ်တမ်မာဒီနှင့် အလက်ဇန်းဒါး ပက်ဗလိုဗစ်တို့၏ လှပသေသပ်သော တွဲလုံးမှတစ်ဆင့် အခွင့်အရေး ထပ်မံဖန်တီးနိုင်ခဲ့သည်။
သို့သော် ပေါ်တူဂီအသင်းက မကြာမီမှာပင် ကစားကွက်ပြန်မိလာပြီး ပက်ဒရို နက်တို၏ အမြန်နှုန်းက ဂျာမနီခံစစ်ကို မကြာခဏ အလုပ်ရှုပ်စေခဲ့ပြီး တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ဂျာမနီဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန်ကို နှစ်ကြိမ် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။ တာစတီဂျန်မှာ ဒဏ်ရာကြောင့် အချိန်ကြာမြင့်စွာ အနားယူခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ဖလော်ရီယန်ဗက်ဇ်က ဂျာမနီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ လေဗာကူဆင် ကွင်းလယ်ဖန်တီးရှင် ဗက်ဇ်က ဂျိုရှူအာ ကင်းမစ်ချ်၏ အနေတော်ပေးပို့မှုအား အချိန်ကိုက်ပြေးဝင်၍ ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီကစားသမား ဖရန်ဆစ်စကို ကွန်ဆီကာအိုက လူစားဝင်လာပြီး မိနစ်ပိုင်းအကြာမှာပင် တစ်ကိုယ်တော်အစွမ်းဖြင့် ဘောလုံးဆွဲယူလာပြီး အတွင်းသို့ချိုးဝင်ကာ အဝေးထောင့်ဆီသို့ ဝေ့ဝိုက်ကန်သွင်း၍ ချေပဂိုးရယူပေးခဲ့သည်။
ဂျာမနီအသင်း ပြန်လည်စုဖွဲ့ချိန် မရမီမှာပင် အနိုင်ဂိုးသွင်းယူခြင်း ခံခဲ့ရပြီး ဘရူနို ဖာနန်ဒက်ဇ်နှင့် နူနို မန်ဒက်စ်တို့၏ ပါးနပ်သော တွဲလုံးကြောင့် ဂျာမနီခံစစ် ဟန်ချက်ပျက်သွားချိန်တွင် မန်ဒက်စ်က ဂိုးဧရိယာထဲသို့ အနိမ့်ဘော ပေးပို့ခဲ့ရာ ရော်နယ်ဒိုက ပိတ်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့သည်။ အသက် ၄၀ နှစ်နှင့် ၁၁၉ ရက်ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ ဂျာမနီအသင်းဘက်ကို ဂိုးသွင်းနိုင်သည့် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပေါ်တူဂီအသင်းမှာ ဗိုလ်လုပွဲဆီသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဂျာမနီအသင်းမှာမူ ဇွန် ၈ ရက်တွင် တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)
……………………..
(English Version)
Portugal turns the tables on Germany in Nations League semifinal
Cristiano Ronaldo scored the decisive goal as Portugal came from behind to defeat Germany 2-1 in the UEFA Nations League semifinal in Munich on Wednesday, ending the hosts’ hopes of reaching the tournament final for the first time.
After a 10-minute delay caused by a hailstorm, Germany settled more quickly. Leon Goretzka tested Diogo Costa early, while debutant Nick Woltemade linked well with Aleksandar Pavlovic to create another opportunity.
However, Portugal soon found its rhythm. Pedro Neto’s blistering pace repeatedly exposed the German defense, and Ronaldo tested goalkeeper Marc-Andre ter Stegen twice. It was Ter Stegen’s first appearance since returning from a lengthy injury layoff.
Florian Wirtz broke the deadlock just after the restart. The Bayer Leverkusen playmaker timed his run perfectly to meet Joshua Kimmich’s lofted pass, guiding a header into the bottom corner.
Francisco Conceicao, introduced just minutes earlier, turned the match with a stunning solo strike, cutting inside and curling the ball into the far corner.
Germany barely had time to regroup before falling behind. A slick one-two between Bruno Fernandes and Nuno Mendes split the German backline, and Mendes’ low cross was converted by Ronaldo. At 40 years and 119 days old, he became the oldest player ever to score against Germany. Germany will now play in Sunday’s third-place playoff, while Portugal advances to the final.