Asia
RCEP က အာဆီယံ၏ ကပ်ရောဂါအလွန် စီးပွားရေးနာလန်ထူမှု မြှင့်တင်ပေးမည်ဖြစ်ကြောင်း မလေးရှား လေ့လာဆန်းစစ်သူက ပြော
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံမျာ၏ စီးပွားရေးသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက် အကောင်အထည်ဖော်ခြင်းနှင့်အတူ ကပ်ရောဂါအလွန် စီးပွားရေးနာလန်ထူရာ၌ လိုအပ်သောမြှင့်တင်မှုများ လက်ခံရရှိမည်ဖြစ်ကြောင်း မလေးရှား လေ့လာဆန်းစစ်သူက ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်၏ စီးပွားရေးအကျိုးဖြစ်ထွန်းမှုများနောက်ဝယ် RCEP သည် နိုင်ငံပူးပေါင်းဆောင်ရွက်မှုဝါဒအတွက် အောင်ပွဲဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုကို အားလုံးပါဝင်မှု ညီမျှမှုအတွက် တရုတ်နိုင်ငံ အားကောင်းကောင်းနှင့် ဆက်လက်တွန်းအားပေးခြင်း၏ အခိုင်အမာထောက်ခံမှုဖြစ်ကြောင်း မလေးရှားနိုင်ငံ ပစိဖိတ် သုတေသနစင်တာဆိုင်ရာ စည်းမျဉ်းစည်းကမ်းအကြံပေး Oh Ei Sun က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများစွာရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသလို အဲဒီနိုင်ငံတွေကလည်း တရုတ်နိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်လာပါတယ်” ဟု Oh က ဆိုသည်။
“အင်မတန်အောင်မြင်တဲ့အခြေခံတွေအပေါ် မူတည်ပြီးတော့ အခြားဒေသတွင်း အဓိကနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နဲ့ ဩစတြေးလျ စတဲ့နိုင်ငံတွေကို ဘာကြောင့်မချဲ့ထွင်ရမှာလဲ” ဟု မလေးရှား ပညာရှင်က ရှင်းပြခဲ့သည်။
ထိုသို့ တိုးချဲ့ခြင်းဖြင့် RCEP သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးအစုအဖွဲ့ ဖြစ်လာမည်ဖြစ်ကာ နောက်ပိုင်း၌ ကမ္ဘာပေါ်တွင် လွတ်လပ်သောကုန်သွယ်ရေးလှုပ်ရှားမှုအတွက် ဦးဆောင်အလင်းရောင်အဖြစ် ထမ်းရွက်သွားမည်ဖြစ်ကြောင်း ၎င်းက မျှော်လင့်ချက်ဖြင့် ပြောကြားခဲ့သည်။
နိုင်ငံများပါဝင်ခြင်းဖြင့်လည်းကောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) မှတစ်ဆင့် ထောက်ပို့ကွင်းဆက်များ၊ ဘုံစံချိန်စံနှုန်းများနှင့် အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်စွာ ပေါင်းစည်းခြင်းကို ခွင့်ပြုခြင်းဖြင့်လည်းကောင်း၊ RCEP အဖွဲ့ဝင်များကြား ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် နည်းပညာ အပြောင်းအလဲကို ခွင့်ပြုခြင်းဖြင့်လည်းကောင်း ကူးစက်ရောဂါအလွန် စီးပွားရေးနာလန်ထူမှုကို ပို၍ကြိုးပမ်းလှုံ့ဆော်ပေးလိမ့်မည်ဖြစ်ကြောင်း Oh က ဆိုသည်။
အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအား ကျဉ်းမြောင်းပြီး နိုင်ငံရေးဆန်စွာ ချဉ်းကပ်မှုကြားမှ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အောင်မြင်မှုနှင့် အကျိုးဖြစ်ထွန်းမှုကို သရုပ်ဖော်ပြသခြင်း အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအား မြှင့်တင်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်သလို အားလုံးပါဝင်ပြီး သာတူညီမျှရှိသော ကြွယ်ဝချမ်းသာမှုကို မျှဝေရန်အတွက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း Oh က ထောက်ပြခဲ့သည်။
“လက်ရှိမှာ RCEP နဲ့အတူ ခင်ဗျားတို့ဟာ တရုတ်ဈေးကွက်ကို စူးစမ်းနိုင်မှာဖြစ်သလို ဂျပန်နဲ့ တောင်ကိုရီးယား ဈေးကွက်တွေကိုလည်း စူးစမ်းနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဩစတြေးလျနဲ့ နယူးဇီလန်တွေကို သွားပြီးတော့လည်း အဲဒီဘက်ကဈေးကွက်တွေကို စူးစမ်းနိုင်မှာဖြစ်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာခဲ့သော RCEP သည် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများ ပါဝင်ကာ ကမ္ဘာ့လူဦးရေနှင့် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးနှင့် ကုန်သွယ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံမှုရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံသည် ယင်းသဘောတူညီမှုအား ပါဝင်လက်မှတ်ရေးထိုးထားပြီး တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါအခြေအနေအရ ပါလီမန်လုပ်ငန်းစဉ် နှောင့်နှေးနေခြင်းကြောင့် အတည်ပြုလက်မှတ်ရေးထိုးရဦးမည် ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံ အောက်လွှတ်တော် ပါလီမန်အစည်းအဝေး ကျင်းပချိန်တွင် RCEP အား အတည်ပြုလက်မှတ်ရေးထိုးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
………………………………….
(English Version)
Interview: RCEP to boost ASEAN’s post-pandemic economic recovery, says Malaysian analyst
Source: Xinhua| 2022-01-05 20:54:44|Editor: huaxia
KUALA LUMPUR, Jan. 5 (Xinhua) — The economies of the Association of Southeast Asian Nations (ASEAN) states will receive a much needed boost in their post-pandemic economic recovery with the implementation of the Regional Comprehensive Economic Partnership (RCEP) agreement, a Malaysian analyst has said.
In an interview with Xinhua, Oh Ei Sun, principal adviser for Malaysia’s Pacific Research Center, said that beyond the economic benefits of the world’s largest free trade deal to date, RCEP is a victory for multilateralism and a strong affirmation of China’s strong and continuous push for global free trade to be inclusive and balanced.
“China is the major trading partner of a number of Southeast Asian countries and ASEAN as a whole also became China’s largest trading partner,” Oh said.
“On that very successful basis, why not we extend it to include some other regional major economies right, such as Japan, South Korea, New Zealand and also Australia,” explained the Malaysian analyst.
Hopefully, with this extension, RCEP will become the world’s largest free trade bloc, and it should then serve as a leading light for the free trade movement in the world, he said.
This would spur post-pandemic economic recovery efforts by participating economies, allowing better integration of supply chains, common standards, and infrastructure through the China-proposed Belt and Road Initiative (BRI), and allowing the movement of goods, services and technology between RCEP participants, Oh said.
Oh pointed out that the trade agreement will serve as a demonstration of the success and benefits of multilateralism over narrow, nationalistic approaches to world trade, serving to bring up less developed countries, allowing for an inclusive and balanced sharing of prosperity.
“Now with RCEP, you could explore the huge China market, you could explore the Japanese and South Korean markets and you could go down south to Australia and to New Zealand to explore the markets there,” he added.
RCEP, which took effect on Jan. 1, is made up of 10 ASEAN members, as well as China, Japan, South Korea, Australia and New Zealand, covering about 30 percent of the world’s population, as well as its gross domestic product and trade volume.
While Malaysia is a signatory, it has yet to ratify the pact due to delays in its parliamentary proceedings caused by the COVID-19 situation in the country.
RCEP is expected to be ratified when the lower house of Malaysian parliament convenes in February. ■
Photo : Aerial photo taken on Oct. 6, 2020 shows a view of the China-Malaysia Qinzhou Industrial Park in Qinzhou, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhou Hua)