Connect with us

China

Shenzhou-13 အာကာသယာဉ်မှူးများ ထျန်းကျိုး-၃ ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်

Shenzhou-13 အာကာသယာဉ်မှူးများက ထျန်းကျိုး-၃ ကုန်တင်အာကာသယာဉ်အတွင်း ဝင်ရောက်သွားသည်ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာမှ အောက်တိုဘာ ၁၇ ရက်က ဓာတ်ပုံရိုက်ကူးထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

Shenzhou-13 အာကာသယာဉ်မှူးများသည် ကုန်ပစ္စည်းလွှဲပြောင်းရန် Tianzhou-3 ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မခန်းတွင် အောင်မြင်စွာ ချိတ်ဆက်ပြီးနောက် Shenzhou-13 အာကာသယာဉ်မှူးများသည် ထျန်းကျိုး-၃ ကုန်တင်အာကာသယာဉ် တံခါးပေါက်အား ဖွင့်လှစ်ကာ ပေကျင်းစံတော်ချိန် နံနက် ၉:၅၀ နာရီ၌ ဝင်ရောက်သွားခဲ့ကြောင်း CMSA က ပြောခဲ့သည်။

အာကာသယာဉ်မှူးများသည် ထျန်းကျိုး-၂ ကုန်တင်အာကာသယာဉ် တံခါးပေါက်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ကုန်ပစ္စည်းများ လွှဲပြောင်းသွားမည်ဖြစ်ကာ စီစဉ်ထားသည့်အတိုင်း ဆက်စပ်သောအခြားလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Shenzhou-13 အာကာသယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gobi သဲကန္တာရရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၆ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Shenzhou-13 အာကာသယာဉ်သည် အလိုလျောက် တွေ့ဆုံကာ Tianhe ပင်မခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်ပြီးနောက် အာကာသယာဉ်မှူးများသည် ပင်မခန်းသို့ ဝင်ရောက်သွားခဲ့သည်။ ၎င်းတို့သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အချိန် ၆ လခန့်နေထိုင်မည်ဖြစ်ကာ တရုတ်နိုင်ငံ၏ အာကာသယာဉ်မှူးလိုက်ပါသော အာကာသစခန်းမစ်ရှင်အတွက် အချိန်အကြာဆုံးနေထိုင်ခြင်းစံချိန်သစ်တင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Shenzhou-13 astronauts enter Tianzhou-3 cargo craft
Source: Xinhua| 2021-10-17 12:54:31|Editor: huaxia
BEIJING, Oct. 17 (Xinhua) — The Shenzhou-13 crew has entered the Tianzhou-3 cargo craft to transfer the cargo, according to the China Manned Space Agency (CMSA) on Sunday.
After successfully stationing in China’s space station core module Tianhe, the Shenzhou-13 crew opened the hatch of the Tianzhou-3 cargo craft and entered it at 9:50 a.m. (Beijing Time), the CMSA said.
The crew will also open the hatch of the Tianzhou-2 cargo craft. They will carry out cargo transfer and other related work as planned.
The Shenzhou-13 spaceship was launched from the Jiuquan Satellite Launch Center in northwest China’s Gobi Desert Saturday.
After Shenzhou-13 successfully completed a fast automated rendezvous and docking with the core module Tianhe, the crew entered the core module. They will stay in orbit for six months, setting a new record for China’s crewed space mission duration. Enditem
1- 2-Screen image captured at Beijing Aerospace Control Center in Beijing, capital of China, Oct. 17, 2021 shows the Shenzhou-13 crew entering the Tianzhou-3 cargo craft. The Shenzhou-13 crew has entered the Tianzhou-3 cargo craft to transfer the cargo, according to the China Manned Space Agency (CMSA) on Sunday. After successfully stationing in China’s space station core module Tianhe, the Shenzhou-13 crew opened the hatch of the Tianzhou-3 cargo craft and entered it at 9:50 a.m. (Beijing Time), the CMSA said. The crew will also open the hatch of the Tianzhou-2 cargo craft. They will carry out cargo transfer and other related work as planned. (Photo by Zhao Yuliang/Xinhua)