မြန်မာ-ENG
အမေရိကန်နိုင်ငံက နှစ်သစ်အကြို တောင်အာဖရိက ၈ နိုင်ငံအပေါ် ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့ပေးမည်
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံက တောင်အာဖရိက ၈ နိုင်ငံအပေါ် ကိုဗစ်ရောဂါနှင့် ဆက်စပ်သော ခရီးသွားကန့်သတ်ချက်များအား ဒီဇင်ဘာ ၃၁ ရက်တွင် ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၂၄ ရက်၌ ကြေညာခဲ့သည်။“ဒီဇင်ဘာ ၃၁ ရက်မှ (သမ္မတ ဂျိုးဘိုင်ဒန်) က တောင်အာဖရိက နိုင်ငံ ၈ နိုင်ငံအပေါ် ယာယီခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတော့မှာဖြစ်ကြောင်း” ၊ အဆိုပါ ဆုံးဖြတ်ချက်သည် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (CDC) မှ အကြံပြုချက်အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း အိမ်ဖြူတော် လက်ထောက် ပြန်ကြားရေးဝန်ကြီး Kevin Munoz က တွစ်တာပေါ်၌ ရေးသားထားသည်။
ခရီးသွားကန့်သတ်ချက်သည် အမေရိကန်နိုင်ငံသား မဟုတ်သူများအနေဖြင့် အမေရိကန်သို့ မလာရောက်မီ ၁၄ ရက်အတွင်း တောင်အာဖရိက၊ ဘော့စ်ဝါနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ အက်စ်ဝါတီနီ၊ မိုဇမ်ဘစ် နှင့် မာလာဝီ စသည့်နိုင်ငံများသို့ ခရီးသွားရောက်ခဲ့ပါက အမေရိကန်သို့ ပြည်ဝင်ခွင့် တားမြစ်ထားကြောင်း နိုဝင်ဘာ ၂၉ ရက်၌ ကြေညာခဲ့သည်။
ကန့်သတ်ချက်များသည် တောင်အာဖရိကတွင် ပထမဆုံးပေါ်ထွက်လာခဲ့ပြီး ကမ္ဘာတစ်ဝန်း လျှင်မြန်စွာ ပျံ့နှံ့ခဲ့သည့် ကူးစက်မြန် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်အား ပိုမိုနားလည်သဘောပေါက်စေခဲ့ကြောင်း၊ ယခုအခါ အမေရိကန်နိုင်ငံတွင် ရောဂါဖြစ်ပွားမှု ၇၀ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း CDC အချက်အလက်များအရ သိရသည်။
ကာကွယ်ဆေး အပြည့်အဝထိုးနှံခြင်းနှင့် အားဖြည့်ကာကွယ်ဆေးများကသာ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်အား တိုက်ဖျက်နိုင်သော အထိရောက်ဆုံးနည်းလမ်းဖြစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
———————————————-
(English Version)
U.S. to lift travel bans on 8 southern African countries on New Year’s Eve
WASHINGTON, Dec. 24 (Xinhua) — The United States will lift COVID-related travel restrictions on eight southern African countries on Dec. 31, the White House announced Friday.
“On Dec. 31, (President Joe Biden) will lift the temporary travel restrictions on Southern Africa countries,” and the decision was based on the recommendation from the Centers for Disease Control and Prevention (CDC), White House Assistant Press Secretary Kevin Munoz said on Twitter.
Announced on Nov. 29, the travel ban barred non-U.S. citizens from entering the United States if they had traveled to South Africa, Botswana, Zimbabwe, Namibia, Lesotho, Eswatini, Mozambique or Malawi within 14 days prior to their scheduled arrival in the United States.
Munoz said the restrictions “gave us time to understand” the highly transmissible Omicron variant of the coronavirus, which first emerged in southern Africa and soon spread around the world, now making up over 70 percent of new cases in the United States, per CDC data.Getting fully vaccinated and boosted is still an effective way to fight against Omicron, he said. ■
Photo : Travelers are seen at LaGuardia Airport in New York, the United States, Nov. 24, 2021. (Xinhua/Wang Ying)