Connect with us

International Organizations

အယ်လ်ဂျီးရီးယားနိုင်ငံတွင် Sinovac COVID-19 ကာကွယ်ဆေးထုတ်လုပ်မှု စတင်

အယ်လ်ဂျီးယား၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း Constantine ပြည်နယ်တွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်သော Sinovac COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို စက်တင်ဘာ ၂၉ ရက်က စတင်ပြီဖြစ်ကြောင်း သိရသည်။ထုတ်လုပ်မှုလိုင်းအား ဖွင့်ပွဲဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ အယ်လ်ဂျီးရီးယားနိုင်ငံ ဝန်ကြီးချုပ် Ayman Benabderrahmane နှင့် အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Li Lianhe တို့ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းအုပ်စု Saidal တို့ဖက်စပ်လုပ်ကိုင်ကြခြင်း ဖြစ်သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ Constantine ပြည်နယ်ရှိ တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်း Sinovac Biotech နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းအုပ်စု Saidal တို့ ဖက်စပ်လုပ်ငန်းတွင် အလုပ်လုပ်နေကြသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ထုတ်လုပ်မှုလိုင်းသည် အနာဂတ်တွင် အခြားကာကွယ်ဆေးများ ထုတ်လုပ်ခြင်းအတွက် လမ်းကြောင်းဖွင့်ပေးခြင်းလည်းဖြစ်ကြောင်း Benabderrahmane က ဖွင့်ပွဲမိန့်ခွန်း၌ ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ Constantine ပြည်နယ်ရှိ တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်း Sinovac Biotech နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းအုပ်စု Saidal တို့ ဖက်စပ်လုပ်ငန်းတွင် အလုပ်လုပ်နေကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

“ဒီယူနစ်က အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ ကာကွယ်ဆေး ကိုယ်ပိုင်ရှိမှုနဲ့ ကျန်းမာရေးလုံခြုံမှုကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ Constantine ပြည်နယ်ရှိ တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်း Sinovac Biotech နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းအုပ်စု Saidal တို့ ဖက်စပ်လုပ်ငန်းတွင် Sinovac COVID-19 ထုတ်လုပ်မှုလိုင်း ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောနေသည့် အယ်လ်ဂျီးရီးယားနိုင်ငံ ဝန်ကြီးချုပ် Ayman Benabderrahmane အား တွေ့ရစဉ် (ဆင်ဟွာ)

၎င်းထုတ်လုပ်မှုသည် ယခုနှစ်မကုန်မီ Sinovac ကာကွယ်ဆေး ၆ သန်းထုတ်လုပ်နိုင်ရန်နှင့် နောက်ပိုင်းတွင် တစ်နှစ်လျှင် ကာကွယ်ဆေး အလုံးရေ ၉၆ သန်းအထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ “လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အမှာတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာကနေ လုံလုံလောက်လောက် ပံ့ပိုးပေးထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ Constantine ပြည်နယ်ရှိ တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်း Sinovac Biotech နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းအုပ်စု Saidal တို့ ဖက်စပ်လုပ်ငန်းတွင် အလုပ်လုပ်နေကြသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ စီမံကိန်းပြီးပြည့်စုံခြင်းသည် “အောင်မြင်သော သမိုင်းတွင်ချစ်ကြည်ရင်းနှီးမှုနဲ့ ကိစ္စရေးရာများစွာ၌ တူညီသောအမြင်များ မျှဝေလျက်ရှိတဲ့ တရုတ်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံကြားက သမိုင်းဝင်ပူးပေါင်းဆောင်ရွက်မှုရဲ့ မှတ်တိုင်တစ်ခု” အဖြစ် တရုတ်နိုင်ငံ သံအမတ်ကြီးက ချီးကျူးပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံ Constantine ပြည်နယ်ရှိ တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်း Sinovac Biotech နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ ဆေးဝါးလုပ်ငန်းအုပ်စု Saidal တို့ ဖက်စပ်လုပ်ငန်းတွင် အလုပ်လုပ်နေကြသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

“နှစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တွေဟာ တူညီခဲ့ကြပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပံ့ပိုးမှုတွေ ဖလှယ်ခဲ့ကြတယ်” ဟု Li က မှတ်ချက်ပြုခဲ့သည်။

“အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ တုန့်ပြန်ချက်အရ တရုတ်နိုင်ငံဟာ Sinovac ကာကွယ်ဆေးတွေအတွက် ပြည်တွင်းတောင်းဆိုချက် ကြီးမားတဲ့ဖိအားကို ကျော်လွှားခဲ့ပြီး အယ်လ်ဂျီးရီးယားနိုင်ငံကို ပံ့ပိုးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မနားမနေလုပ်ဆောင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အယ်လ်ဂျီးရီးယားနိုင်ငံသို့ ကာကွယ်ဆေး ၁၅ သန်း ပေးအပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အယ်လ်ဂျီးရီးယားနိုင်ငံသို့ ကာကွယ်ဆေးအများဆုံး ပံ့ပိုးသည့် နိုင်ငံဖြစ်လာခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် အယ်လ်ဂျီးရီးယားနိုင်ငံနှင့်အတူ နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်အားကောင်းရန်၊ အရည်အသွေးမြင့်သော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်မူဘောင်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး ဆက်လက်ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း တရုတ် သံအမတ်ကြီးက ကတိပြုခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကပ်ရောဂါတိုက်ဖျက်ရေး အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အယ်လ်ဂျီးရီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ လှူဒါန်းမှုများ ပထမဆုံးပေးပို့ခဲ့သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ယင်းအပေါ်ပြန်လည်၍ တရုတ်နိုင်ငံကလည်း အယ်လ်ဂျီးရီးယားနိုင်ငံသို့ ဆေးဘက်ဆိုင်ရာအကူအညီနှင့်ကျွမ်းကျင်သူများ စေလွှတ်ခဲ့ကြောင်း သိရသည်။(Xinhua)

———————————————
(English Version)

Algeria inaugurates production of Sinovac COVID-19 vaccines

ALGIERS, Sept. 29 (Xinhua) — Algeria on Wednesday started manufacturing the Sinovac COVID-19 vaccines at a joint venture with China, which is located in the eastern province of Constantine.
The production line was inaugurated at a ceremony, attended by Algerian Prime Minister Ayman Benabderrahmane and Chinese Ambassador to Algeria Li Lianhe, at the joint venture between China’s biopharmaceutical firm Sinovac Biotech and Algeria’s pharmaceutical group Saidal.

In his opening remarks, Benabderrahmane said that this production line is likely to pave the way for producing other vaccines in the near future.
“This unit will enhance Algeria’s vaccine self-sufficiency and health security,” he noted.

He added that the production line aims to produce 6 million doses of Sinovac vaccine by the end of this year, and 96 million doses each year thereafter, “provided the existence of enough raw material and orders locally and internationally.”

For his part, the Chinese ambassador hailed the completion of this project as “a milestone in the history of cooperation between China and Algeria, which share distinguished historical friendship and convergent views on many issues.”

Li noted that “the two countries’ goals for development are similar, as they have exchanged support for each other during the past decades.”
“In response to Algeria’s request, China has overcome the huge pressure of domestic demand for Sinovac vaccines and made unremitting efforts to supply them to Algeria,” he said, citing that China signed a contract to provide 15 million doses of vaccines to Algeria, becoming the largest vaccine supplier to the North African country.
The Chinese envoy vowed that China is always ready to continue strengthening cooperation with Algeria in various fields, and expand bilateral cooperation within the framework of the Belt and Road Initiative with high quality.

Since the COVID-19 outbreak, Algeria and China have been closely cooperating to fight the pandemic. In February 2020, Algeria was one of the first countries to send medical donations to China, which in return has also sent several batches of medical aid and experts to Algeria. Enditem

1,2- A staff member works at a joint venture between China’s biopharmaceutical firm Sinovac Biotech and Algeria’s pharmaceutical group Saidal in the province of Constantine, Algeria, on Sept. 29, 2021. Algeria on Wednesday started manufacturing the Sinovac COVID-19 vaccines at a joint venture with China, which is located in the eastern province of Constantine. (Xinhua)

3-Staff members work at a joint venture between China’s biopharmaceutical firm Sinovac Biotech and Algeria’s pharmaceutical group Saidal in the province of Constantine, Algeria, on Sept. 29, 2021. Algeria on Wednesday started manufacturing the Sinovac COVID-19 vaccines at a joint venture with China, which is located in the eastern province of Constantine. (Xinhua)

4-Algerian Prime Minister Ayman Benabderrahmane speaks during a ceremony to inaugurate the production line of the Sinovac COVID-19 vaccines at a joint venture in the province of Constantine, Algeria, on Sept. 29, 2021. Algeria on Wednesday started manufacturing the Sinovac COVID-19 vaccines at a joint venture with China, which is located in the eastern province of Constantine. (Xinhua)

5,6-A staff member works at a joint venture between China’s biopharmaceutical firm Sinovac Biotech and Algeria’s pharmaceutical group Saidal in the province of Constantine, Algeria, on Sept. 29, 2021. Algeria on Wednesday started manufacturing the Sinovac COVID-19 vaccines at a joint venture with China, which is located in the eastern province of Constantine. (Xinhua)