Connect with us

Local

ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု မေလ အထိ ၁.၈ သန်းကျော် အထိသာ ရှိနေသေး

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ဇန်နဝါရီလမှ မေလ အထိ ၁.၈ သန်းကျော် အထိသာ ဝင်ရောက်မှု ရှိနေသေးပြီး ယခင်နှစ်ထက် စာပါက အနည်းငယ် နည်းပါးနေသေးကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဆင်ဟွာသို့ ယနေ့ဇူလိုင်လ ၅ ရက်တွင် ပြောသည်။

ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု စာရင်းများ အရ ယခုနှစ်တွင် မေလ အထိ ၁.၈ သန်းကျော် ဝင်ရောက်မှု ရှိရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သောင်းဂဏန်း အရေအတွက်ခန့်လျော့နည်းနေသေးကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ နှစ်စဉ် ပိုမိုလာရောက် လည်ပတ်နိုင်ရေးကို ပြက္ခဒိန်နှစ်အလိုက် တိုးမြှင့် သတ်မှတ်ထားရာ ယခု ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၅. ၅ သန်း ဝင်ရောက်လာ နိုင်ရန် မျှော်မှန်း ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၅ သန်း သတ်မှတ်ခဲ့ရာ နယ်စပ်ဂိတ်များနှင့် အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက် ပေါက်များမှ ၄. ၆၈ သန်း ဝင်ရောက် ခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ၇ သန်း ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရမည် ဖြစ်သကဲ့သို့ နိုင်ငံခြားသား များ၏ လုံခြုံရေးနှင့် လိုအပ်ချက်များကို တရားဥပဒေနှင့် အညီ ကာကွယ် စောင့်ရှောက် ပေးကြရမည်ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးလိုသူများကို စေ့စပ် သေချာစွာ စိစစ်ကြရမည် ဖြစ်ကြောင်း နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.