Connect with us

Local

ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၁ နှင့် ၁၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် DaNA Facility တို့ ပူးပေါင်း ကျင်းပသည့် ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ် သော မဟာဗျူဟာများ ချမှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ဇွန် ၁၁ရက် နံနက် ၉နာရီက ဟားခါးမြို့ ပြည်နယ်စီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ နှင့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အထောက်အကူပေးရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်လာစေရန် အတွက် လိုအပ်သော မဟာဗျူဟာများ ကဏ္ဍအလိုက် ခွဲခြားသတ်မှတ် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အကြီး အကဲများအနေဖြင့် မိမိ၏ဌာနနှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုပြုနိုင်မည့် လုပ်ငန်းများကို ဖော်ထုတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန် အလား အလာရှိသော လုပ်ငန်းများကို ဖော်ထုတ်ပြီး မှန်ကန်တိကျသော အချက်အလက်များဖြင့် ကဏ္ဍ အလိုက် နေရာများ၊ ဇုန်များ သတ်မှတ်ဖော်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.