Connect with us

Local

နှစ်ထပ်လမ်း စီမံကိန်းများ အတွက် ကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံခန့် ကုန်ကျမည်

ရန်ကုန်မြို့ဘုရင့်နောင်ဂုံးကျော်တံတားတွင် မော်တော်ယာဉ်များ သွားလာနေစဉ် (ဆင်ဟွာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ရည်ရွယ်သော အဆင့်မြင့် နှစ်ထပ်လမ်း စီမံကိန်းကို ဖော်ဆောင်ရန် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (လမ်းနှင့် တံတား) ဌာနမှ သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုမှာ (၂ဝ) ရာခိုင်နှုန်းသာ ပြေလည်ခဲ့ပြီး ရေရှည်အတွက် နှစ်ထပ်လမ်းများ အကောင်အထည်ဖော် ဖြေရှင်းရမည်ဖြစ်သည်။

ယင်းကုန်ကျစရိတ်ကို နိုင်ငံတော် အစိုးရအဖွဲ့သို့ တင်ပြထားပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်း အချို့နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)၊ မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းကုမ္ပဏီများ ပါဝင်ကြပြီး ဆွေးနွေးမှုပြီး၍ အဆင်ပြေလျှင်၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အဆင့်မြင့် နှစ်ထပ်လမ်း စီမံကိန်းကို စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)၊ မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းကုမ္ပဏီများ ပါဝင်ကြပြီး ဆွေးနွေးမှုပြီး၍ အဆင်ပြေလျှင်၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အဆင့်မြင့် နှစ်ထပ်လမ်း စီမံကိန်းကို စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.