Connect with us

Local

ရန်ကုန်-ဒလ တံတားစီမံကိန်း ပြန်လည်စတင်မည်

ရန်ကုန်မှ ဒလမြို့သို့ သွားလာပြေးဆွဲနေသော လှေများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်ကို နှစ် (၃၀) နှစ်ရှည် စီမံကိန်းရေးဆွဲပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက် ရှိရာတွင် စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန် နှင့် မြစ်တစ်ခုသာခြားသည့် ဒလမြို့ကိုလည်း တိုးတက်စေရန် အတွက် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ပြန်လည်စတင်ပြီး တည်ဆောက်သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြောကြားပါသည်။

၎င်းစီမံကိန်းကို ၂၀၁၁ ခုနှစ်အတွင်းက တောင်ကိုးရီးယားနိုင်ငံ (ROK) မှ လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်ရန် စီမံချက် ရှိခဲ့သော်လည်း ကိုးရီးယားနိုင်ငံမှ ချေးငွေ အလုံအလောက် မချထားပေးခြင်းနှင့် ဒလမြို့ရှိ မြေဈေးများ တစ်ရှိန်ထိုး မြင့်တက်သွားခြင်းတို့ကြောင့် ၂၀၁၄ ခုနှစ် နှစ်လည်ခန့်တွင် စီမံကိန်းကို ရပ်ဆိုင်းခဲ့ရသည်။

ယခုအခါတွင် မြန်မာ-ကိုးရီးယား နှစ်နိုင်ငံ သဘောတူညီချက် ရရှိပြီး ကိုးရီးယား နိုင်ငံက ချေးငွေ ချထားပေးပြီး ဖြစ်သောကြောင့် ၎င်းစီမံကိန်းကို ပြန်လည် စတင်မည်ဟု သိရသည်။ ၎င်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၆၈) သန်း ကုန်ကျမည်ဖြစ်ပြီး ကိုးရီးယား အစိုးရက (၁၃၈) သန်းချေးငွေ ချထားပေးမည်ဖြစ်ကာ ကိုးရီးယား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ EDCF က သန်း (၃၀) ကိုကူညီပေးမည် ဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားသည် (၂.၉) ကီလိုမီတာ (၁ မိုင်ကျော်) ရှိမည်ဖြစ်ပြီး ဆူးလေ ဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်တထောင်လမ်းတို့နှင့် ဆက်သွယ်မည်ဖြစ်သည်ဟု သိရသည်။ စီမံကိန်း ကာလသည် (၅)နှစ် ကြာမြင့်မည် ဖြစ်ပြီး ပြည်တွင်း လုပ်သားများ အနေနှင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်သည်။

နေ့စဉ် ရန်ကုန်မြစ်ကို ဖြတ်ပြီး ရေကြောင်းခရီး သွားလာနေသူဦးရေ (၃) သောင်းခန့် ရှိခြင်းကြောင့် ၎င်းတံတားပြီးစီးသွားပါက ခရီးသွားပြည်သူ များ ရေကြောင်းအန္တရာယ် လည်း လျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)