Connect with us

Local

တနသာၤရီကမ်းလွန် ရေနံ လုပ်ကွက် သဘာဝဓါတ်ငွေ့ ခွဲဝေခံစားရေး စာချုပ်အသစ် ချူပ်ဆို

မဒေးကျွန်းရှိ ရေနံသိုလှောင်ကန် ဆောက်လုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ပြင်သစ်နိုင်ငံ Total E & P Myanmar သည် တနင်္သာရီကမ်းလွန် ရေနံလုပ်ကွက် YWB ၌ ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစားရေး စာချုပ် ချုပ်ဆိုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နေပြည်တော် Lake Garden ဟိုတယ်တွင် ပြုလုပ်ခဲ့ သည်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး နှင့် Total E & P Myanmar မှ အထွေထွေမန်နေဂျာ Mr. Xavier Preel တို့က နှစ်ဖက်သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခုစာချုပ် လက်မှတ်ရေးထိုးခြင်းသည် ပထမအကြိမ် ကမ်းလွန်လုပ်ကွက်များ တင်ဒါခေါ်ယူခဲ့ခြင်း အတွက် ပဉ္စမမြောက် လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး စာချုပ်များအရ Signature Bonus အမေရိကန်ဒေါ်လာ တစ်သန်း ရရှိမည်ဖြစ်ကာ လုပ်ကွက်အတွက် လေ့လာရေးကာလ ခြောက်နှစ်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၇ သန်း သုံးစွဲမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

နိုင်ငံခြားရေနံကုမ္ပဏီ များအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု ၊ လူမှုရေးထိခိုက်မှု ဆန်းစစ် လေ့လာခြင်းလုပ်ငန်းများ (EIA / SIA) ကို သက်ဆိုင်ရာ လုပ်ကွက်ဒေသများ ၌ စတင်ဆောင်ရွက်ကြရမည် ဖြစ်ပြီး ရတနာစီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓါတ်ငွေ့ ၆၀၀ ကုဗသန်းခန့် ထိုင်းနိုင်ငံသို့ ပို့လွှတ်လျက်ရှိပြီး ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117