Connect with us

Local

ပုဂ္ဂလိကလုပ်ငန်းများ လုပ်ငန်းဆောင်ရွက်လိုပါက အကျိုးရှိမည်ဆိုပါက ချက်ချင်းခွင့်ပြုပေးမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

အိုးလုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မည်သည့်ကဏ္ဍတွင်မဆို ရင်းနှီးမြုပ်နှံသည့်လုပ်ငန်းဆောင်ရွက်လိုပါက ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ တင်ပြစာတင်ရန် တိုက်တွန်းပြီး ပြည်သူနှင့်နိုင်ငံတော်အတွက် အကျိုးရှိမည်ဆိုပါက ချက်ချင်းခွင့်ပြုပေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SME) ဘဏ်ချေးငွေရရှိရေးအတွက်ဆွေးနွေးခဲ့ပြီး၊ ချေးငွေရရှိရန် လိုအပ်သည့် စာရင်းအင်းစနစ်၊ ရသုံးငွေသုံးစွဲမှု မှတ်တမ်း အစရှိသည့် လုပ်ငန်းစီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် Business Service Provider (စီးပွားရေးဝန်ဆောင်မှုထောက်ပံ့ပေးသည့်သင်တန်းများ) ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး သင်တန်းဆင်းများကို မြန်မာ့ SME များအား အထက်ပါ လုပ်ငန်းစီမံခန့်ခွဲမှုစနစ်များ ပြန်လည်ပို့ချစေမည်ဖြစ်ကြောင်း အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.