Connect with us

Local

ပြည်ပ ဆန်တင်ပို့မှု ယာယီ ရပ်ဆိုင်းရန် တောင်းဆို

လယ်သမားတစ်ဦ စပါးခင်းအတွင်း အလုပ်လုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ရေကြီး ရေလျှံမှုကြောင့် ဆန်ဈေးနှုန်း တည်ငြိမ်မှု ရှိစေရန် နှင့် ဆန်ပြတ်လပ်မှု မရှိစေရန် ယနေ့မှစ၍ စက်တင်ဘာလ လယ်ထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ခြင်းကို ရပ်ဆိုင်းထားပေးရန် စီးပွားကူးသန်း ဝန်ကြီးဌာနထံသို့ ယနေ့ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်း နှင့် ဆန်ကုန်စည်ဒိုင်တို့ အစည်းအဝေးပြုလုပ်၍ ဆန်ဈေးအား တည်ငြိမ်အောင် ရောင်းချပေးပါရန်နှင့် ပြည်ပ ဆန်တင်ပို့ခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့အထိ (မိုးစပါးပေါ်ချိန် ) ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ဆိုသည်။

ပြည်ပပို့ဆန် ရပ်ဆိုင်းခြင်းအားဖြင့် ပြည်တွင်း ဆန်လုံလောက်မှုရှိပြီး ဈေးနှုန်း ပြန်လည် တည်ငြိမ်လာမည် ဖြစ်ကြောင်း ဒေါက်တာ စိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဆန်စပါးအဓိက စိုက်ပျိုး ထုတ်လုပ်သော ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး တို့အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီး နစ်မြုပ်ပြီး စပါးစိုက်ဧက များစွာ ပျက်စီးခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သည် ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံး ထိခိုက်ကြသော အသေးစားနှင့် အလတ်စား ဆန်စက်များ၊ ဆန်စပါး ကုန်သည်များ အား စက်များနှင့် သိုလှောင်ရုံများ ပြန်လည်ပြင်ဆင်ခြင်း၊ စက်ယူနစ် အသစ်များ အစားထိုး လဲလှယ်ခြင်း စသော ကိစ္စများကို ပေါင်းစပ် ညှှနှိုင်း ထောက်ပံ့ ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီး ရေလျှံမှုကြောင့် လယ် ဧက ၈၅၀,၆၀၀ ကျော်ထိ ရေကြီး နစ်မြုပ်နေကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အနေနှင့် ပြီးခဲ့သည့် ဘဏ္ဍာ နှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁.၈ သန်းကျော် တင်ပို့ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.