Connect with us

Local

မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၈၁၈)တွဲကို ယူရို ၈၆ .၈၆၆ သန်းဖြင့် ရောင်းချနိုင်ခဲ့

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၈၁၈)တွဲကို ယူရို ၈၆ .၈၆၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းနေ့တွင် ပြည်တွင်းပြည်ပရတနာကုန်သည် (၄၀၀၀) ကျော် လာရောက်ကြည့်ရှု လေ့လာဝယ်ယူခဲ့ကြပြီး အခြေခံဈေး ယူရိုငွေ(၄၀၀၀)နှင့် အထက် တန်ဖိုးသတ်မှတ်ထား သည့် ကျောက်စိမ်းအတွဲ အမှတ် (၂၃၀၁)မှ (၃၄၅၀)အထိ အတွဲပေါင်း (၁၁၅၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့အဖြစ် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်း အတွဲ ၃၄၅၁ မှ ၄၆၀၀အထိ၊ ဇွန် ၂၈ ရက်တွင် ကျောက်စိမ်း အတွဲ ၄၆၀၁မှ ၅၇၅၀ အထိနှင့် ဇွန် ၂၉ ရက်တွင် ကျောက်စိမ်းအတွဲ ၅၇၅၁ မှ ၆၇၉၅ အထိကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်ပြသရောင်းချသွား မည်ဖြစ်ကြောင်းသိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၇၉၅ တွဲအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။ ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဇွန် ၂၀ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.