Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများကို ဘိုင်အို မက်ထရစ် စနစ်ဖြင့် စာရင်းပြုစုထားကြောင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောကြား

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများကို စာရင်းကောက်ယူထားပြီး ဒီဂျစ်တယ်နည်းပညာများအသုံးပြုကာ ဘိုင်အို မက်ထရစ် စနစ်ဖြင့် စာရင်းပြုစုထားကြောင်း၊ စာရင်းပေးသွင်း ထားသည့်လုပ်ငန်းရှင်ဦးရေ ၃ သောင်းကျော်ရှိသည့်အပြင် ပိုမိုများပြားသည့် အရေအတွက် များလည်းရှိနိုင် ကြောင်း တချို့မှာ အခွန်ပေးဆောင်ရခြင်းနှင့် အခြားအခြားသော ဥပဒေရေးရာ ကိစ္စရပ်များကို စိုးရိမ်ပူပန်မှုများ ကြောင့် စီးပွားရေးလုပ်ငန်း များကို မိမိတို့ဘာသာ ဆောင်ရွက်နေကြခြင်းမျိုးရှိနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယနေ့၊ နံနက်(၉)နာရီအချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းမကြီးပေါ်ရှိ Myanmar Expo Fortune Plaza ၌ ပြုလုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ သတ္တမအကြိမ်မြောက် MSMEs Products ဒေသအတွင်းပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တက်ရောက် အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ရန်ကုန်တိုင်းအတွင်းမှာအသေး စားအငယ်စား စီးပွားရေးလုပ်ငန်းကို ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ပြည်ထောင်စုအစိုးရမှာမူဝါဒများချမှတ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း ညွှန်မှုနဲ့ အညီ ကြိုးပမ်းဆောင်ရွက်နေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအသီးသီးမှာ အသေးစားအလတ်စားစီး ပွားရေး တွေဖ့ွံ့ဖြိုးတိုးတက် လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွား ရေးအဓိကကျောရိုးဟာ အသေးစား အငယ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပါတယ်။ ဒီကဏ္ဍကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မှ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ စနစ်တကျဖွံ့ဖြိုးတိုး တက်လာ မှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

“ ကျွန်တော်တို့ရဲ့ ရန်ကုန်တိုင်းရဲ့ အဓိက ကျောရိုးဟာ SMEနဲ့ အခြေခံပြီးမောင်းနှင် အားကတော့ဘဏ် တွေ နဲ့ တွန်းအားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ SMEလုပ်ငန်းတွေကို ပိုပြီးတိုးတက်လာဖို့၊သေး ငယ်လတ် စီးပွားရေး လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် သူတိ့ု့ရဲ့ လုပ်ငန်းတွေမှာ နည်းပညာ အားဖြင့် ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါမယ်။ ငွေကြေး ကဏ္ဍ သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး အတတ်ပညာတွေ လိုအပ်မှာ ဖြစ်ပါ တယ်။ ဒီ့အပြင် သူတို့လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ချေးငွေလိုအပ်ပါတယ်။ ချေးငွေရရှိနိုင်ဖို့ ဆို ရင် သူတို့မှာ နည်းပညာ၊ ငွေကြေးသုံးစွဲမှု ဈေးကွက် ဒီအခြေအနေတွေကို ဖန်တီးတည်ဆောက်ရ မှာဖြစ်ပါ တယ်။ ဒါမှသာ ချေးငွေပေးမယ့် ဘဏ်တွေက ယုံကြည်စိတ်ချပြီး ချေးငွေထုတ်ပေးမှာဖြစ်ပါတယ်။ အသေးစားအ လတ် စား အငယ်စားစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ဟာ ကျွန်တော်တို့ အရေးကြီးတဲ့ ကဏ္ဍတစ်ခု ရှိပါတယ်။ ဒါကြောင့်မို ဒီနေ့ ကျင်းပပြုလုပ်တဲ့ သေးငယ်လတ် စီးပွားရေးလုပ်ငန်း တွေရဲ့ပြိုင်ပွဲ ၊ပြပွဲ ကိုဘာကြောင့်ပြု လုပ်သလဲဆို ဒီလုပ်ငန်းရှင်တွေကို ဒီခန်းမထဲမှာ စုစည်းပေးလိုက်တာပဲဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

MSMEs Products ဒေသအတွင်းပြပွဲ၏ ကုန်ထုတ်လုပ်မှု အမျိုးအစားများတွင် စက်ပစ္စည်းကိရိယာ ထုတ်လုပ်မှုကဏ္ဍ၊ လူသုံးကုန် အလှကုန်ပစ္စည်း၊ အထည်အလိပ်နှင့် စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍများ ပါဝင်ပြီး အဆိုပါပြပွဲကို ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနှင့်ဂျပန်အကြား စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်နိုင်ရန်၊ Business Matching တွင် ဂျပန်မှ ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရန်၊ မြန်မာမှ ထုတ်ကုန်အစိတ်အပိုင်းများအား ဂျပန်သို့ ထုတ်လုပ်ပေးနိုင်ရန်နှင့် ပို့ကုန်ပစ္စည်းများ ဖြန့်ဖြူးရာတွင် မြန်မာမှပစ္စည်းများအား ဂျပန်နိုင်ငံမှ ရောင်းချနိုင်ရန်တို့ ဖြစ်ပြီး သတ္တအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား ပူးပေါင်းကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းပြပွဲကို နိုဝင်ဘာ(၁၆)ရက်မှ (၁၈)ရက်နေ့ နံနက်(၉)နာရီမှ ည (၇)နာရီအထိ ပြသသွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ လျှပ်စစ် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များ၊ဖိတ်ကြားထားသူများ နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.