Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ယင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈.၉၅၇ သန်းဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တွင် ဝ.၄၂၈ သန်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ထားပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၆,၃၈၂)ဦးအတွက် ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ ခန်းမ(၄)၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေး အမှတ်စဉ်(၅/၂၀၁၉)သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.