Local
လောင်းကစားမှု ၂၄၅ မှု နှင့် လောင်းကြေးငွေကျပ် သိန်း ၂၀၀ ကျော်အား တိုင်းဒေသကြီး/ပြည်နယ် အလိုက် မေလအတွင်း ဖမ်းဆီးရမိ

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)
နေပြည်တော် ၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် လောင်းကစားမှု ၂၄၅ မှု နှင့် လောင်းကြေးငွေကျပ် သိန်း ၂၀၀ ကျော်အား မေလ အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ထိုသို့ဖမ်းဆီးရမိခဲ့သည့် လောင်းကစားမှု ၂၄၅ မှုတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖမ်းဆီးရမိမှု အရေအတွက်မှာ အများဆုံး အဖြစ် ၅၃ မှု ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်း ၄၄ မှုတို့ပါဝင်ကြောင်း သိရသည်။
လောင်းကစားမှု ၂၄၅ မှုမှ တရားခံ ၆၂၆ ဦး ၊ လောင်းကြေးငွေကျပ် ၂၀,၁၆၄,၇၅၆ အား နှစ်လုံးထီ ၊ ချဲထီ ၊ ဖဲ နှင့် အခြား လောင်းကစားအမျိုးအစားများမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)