Connect with us

Local

SME များအား လိုအပ်သမျှ ပံ့ပိုးပေးမည်ဟု စီမံ ဘဏ္ဍာ ဝန်ကြီး ပြော

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း မိန့် ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ပြည်တွင်းရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ၎င်းတို့ လိုအပ်ချက်မှန်သမျှကို ပံ့ပိုး ဖြည့်ဆည်းပေးသွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက နေပြည်တော် MICC II တွင် ယနေ့ ပြုလုပ်သော မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ export နဲ့ import ခြားနားချက်က ကြီးလာတော့ trade deficit ဖြစ်လာတယ်။ ဒီ trade deficit ကို လျှော့ချမယ်ဆိုရင် ပထမဆုံး သွင်းကုန် အစားထိုး လုပ်ရမယ်၊ manufacturing ကို ချဉ်းကပ်ပေးရမယ်။ ဒါဆိုရင် SMEs တွေကို မလွဲမသွေ စောင့်ရှောက်ပေးရမယ်၊ ပံ့ပိုးပေးရမယ်။ ဒီ SMEs တွေ ဘာလိုသလဲ မြေ လိုသလား financing လိုသလား၊ နည်းပညာ လိုသလား၊ စီမံခန့်ခွဲမှု လိုသလား၊ အခြားအခြားသော အဆင့်တွေ ဘာတွေ ရှိသလဲ — အဲဒါတွေ ကျွန်တော်တို့ ပံ့ပိုး ပေးမယ်။ ဒါဆိုရင် SMEs တွေရဲ့ Development ကို ခြေလှမ်းပြင်ရာ ရောက်ပါတယ်။ SMEs တွေက ကိုယ်တည်းချင်း မလုပ်နိုင်ဘူးဆိုရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ ဖိတ်ခေါ်ပြီးတော့ Joint venture လုပ်မယ်” ဟူ၍ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့SME များ ဖွံ့ဖြိုး တိုးတက်လာစေရန်အစိုးရ အနေဖြင့် သန့်ရှင်းသော အစိုးရ ဖြစ်ရေးနှင့် အချို့သော နေရာများတွင် Monopoly မဖြစ်ရေး၊ ဈေးကွက် အတွင်း ပြည်သူအများ ပါဝင်နိုင်ပြီး မျှတသောယှဉ်ပြိုင်မှု ဖြစ်ရေးတို့ကို ကြိုးပမ်းလျက် ရှိကြောင်း၊ လိုအပ်သည့် ပြင်ဆင် ဖြေလျှော့မှုများကိုလည်း ဆောင်ရွက်ထားကြောင်း ၎င်းက ပြောခဲ့သည်။

“အမျိုးသား အကျိုးစီးပွား ကာကွယ်ရေး နောက်မှာ Monopoly မပါဖို့ အရေးကြီးတယ်။ Monopoly ပါလာပြီဟေ့ ဆိုလို့ရှိရင် Corruption လည်း တွဲပြီးတော့ ပါလာတယ်။ monopoly လုပ်လို့မရဘူး၊ ပြည်သူတွေ အားလုံး ပါဝင်လာနိုင်ဖို့လိုတယ်၊ ပြည်သူတွေဟာသူတို့ရဲ့အရည်အသွေးအရ သူတို့ရဲ့ အစွမ်းအစ ရှိသမျှ သူတို့ရဲ့ မျှော်မှန်းချက် ရှိသမျှ သူတို့ရဲ့ အိပ်မက်တွေ ရှိသမျှ ပြည်သူတွေ ပါဝင်ခွင့် ရှိရမယ်၊ နေရာတိုင်းမှာ ပါဝင်ခွင့် ရှိရမယ်။ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ပါဝင်ခွင့် ရှိရမယ်၊ Sector တိုင်းမှာ ပါဝင်ခွင့် ရှိရမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ပါ။ ဒါဆိုလို့ရှိရင် ကျွန်တော်တို့ ဘာတွေ ပြင်ရမလဲ။ many many old censorship laws တွေ ပြင်ရမယ်၊ မပြင်လို့မရဘူး” ဟု ၎င်းက ရှင်းပြခဲ့သည်။

ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် မြေနှင့်ပတ်သက်ပြီး အခက်အခဲ မရှိအောင် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ မြေငှားပေးမည်ဖြစ်ရာ ပထမ နှစ် ငါးဆယ် နောက်ထပ် သက်တမ်းတိုး တစ်ကြိမ် ဆယ်နှစ်ဖြင့် နှစ်ကြိမ် အနှစ် ၂၀ —စုစုပေါင်း နှစ် ၇၀ ထိ ထားပေးမည်ဖြစ်ကြောင်း၊ လိုအပ်သေးလျှင်ထပ်ပြီး သက်တမ်းကာလ တိုးပေးရန်အထိ စီစဉ်ထားကြောင်း၊ အဓိက အချက်မှာ အေးချမ်း လွယ်ကူ ရိုးရှင်းစွာနှင့် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ဖန်တီးပေးနိုင်ဖို့ဖြစ်ပြီး ထိုသို့ ဖန်တီးပေးနိုင်မှအခြားနိုင်ငံများက မြန်မာနိုင်ငံကို စိတ်ဝင်စားမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.