Connect with us

Local

အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း ၆ ခုအား မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀ /၂၀၁၈) ကြိမ်မြောက် အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀ /၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၂၂၆ ဦး ဖန်တီးပေးနိုင် မည့် လုပ်ငန်း(၆)ခု အားခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုလုပ်ငန်း ၆ ခုတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ Network Facilities ဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်/ အိပ်ချုပ်လုပ်ငန်း၊ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ် ခြင်းလုပ်ငန်းနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀ /၂၀၁၈) ကြိမ်မြောက် အစည်းအဝေးအား ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန် မြို့၌ ပြုလုပ်ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)