Connect with us

Local

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ် နိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီး အရေးယူလျက်ရှိရာ အထိုက် အလျောက် ထိရောက်မှု ရှိသည်ကို တွေ့ရှိရဟုဆို

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်နိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူလျက်ရှိရာ အထိုက်အလျောက် ထိရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကို ဒီဇင်ဘာ ၆ ရက်တွင် နေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ၎င်းက ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုကြောင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွား ရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲ လာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်း များကို တားဆီး ထိန်းချုပ် နိုင်ရန် အတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်နိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီး အရေးယူလျက် ရှိကြောင်း သိရသည်။

တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ် နိုင်ရေး အထူးအဖွဲ့များ အနေဖြင့် ယခုနှစ် အောက်တိုဘာလ အတွင်း ဖမ်းဆီးအရေးယူမှုပေါင်း ၅၉ ကြိမ် ရှိခဲ့ပြီး တန်ဖိုးငွေကျပ် ၁ ဒသမ ၃ ဘီလီယံခန့် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် Doing Business 2019 Report တွင် မြန်မာနိုင်ငံ၏ အဆင့်သည် (၁၇၁) ဖြစ်သည့်အတွက် ယခင်နှစ် အဆင့်အတိုင်း ပြောင်းလဲမှု မရှိသော် လည်း အမှတ် တိုးမြင့် ရရှိခဲ့ကြောင်း ၊ Ease of Doing Business Ranking တိုးတက်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ၊ ဒုတိယဝန်ကြီး ဦးဆောင်၍ (၁၄)ဦးဖြင့် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အတွက် သင်တန်းများပေးနေမှု ၊ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု ၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု ၊ Banking Sector ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ထားရှိမှု ၊ Construction Development Law ရေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ၊ Secured Transaction Law ရေးဆွဲ ဆောင်ရွက်ရမည့်အခြေအနေများ ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.