Connect with us

Local

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်း ၊ ကျောက်မျက် နှင့် ပုလဲအတွဲပေါင်း ၇၄၉၁ တွဲအားအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်


နေပြည်တော် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအားနေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့ဇွန် ၂၀ ရက်မှ စတင် ကျင်းပမည်ဖြစ်ရာကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲအတွဲစုစုပေါင်း ၇၄၉၁ တွဲအားအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် တင်ပြ ရောင်းချမည့် ပုလဲ ၊ ကျောက်မျက် နှင့် ကျောက်စိမ်းအတွဲများမှာပုလဲအတွဲပေါင်း ၃၆၀ တွဲ ၊ ကျောက်မျက် အတွဲပေါင်း ၃၃၆ တွဲ ၊ ကျောက်စိမ်းအတွဲပေါင်း ၆၇၉၅ တွဲ ပါဝင်ကြောင်း သိရသည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့တက်ရောက်ရန် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ထိုင်း နိုင်ငံ ၊ ကနေဒါ နိုင်ငံ ၊ အမေရိကန် နိုင်ငံတို့မှ ပြည်ပရတနာကုန်သည် ၃၁၃၂ ဦး နှင့် ပြည်တွင်းရတနာကုန်သည် ၁၂၀၃ ဦးစုစုပေါင်း ၄၃၃၅ ဦးစာရင်းပေးသွင်းထားကြောင်းသိရသည်။

ယခု ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ယူရိုသန်း ၄၀၀ ဝန်းကျင်ခန့် ရောင်းချရရန် မျှော်မှန်းထားကြောင်း ၊ ပြပွဲသို့ကုန်သည် တက်ရောက်မှု အခြေအနေမှာယခင် ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲထက် ပိုများကြောင်းမြန်မာ့ကျောက်မျက်ရတနာပြပွဲဌာနမှ သိရသည်။

“ဒီပွဲမှာပုလဲအတွဲတွေကိုပူးပေါင်းရောင်းချတယ်။ပုလဲအတွဲတွေကတော့ ပြီးခဲ့တဲ့ ၂ ပွဲ ၊ ၃ ပွဲလောက်မှာရောင်းချတာမရှိဘူး။အခုတော့ ပြန်ပေါင်းပြီးရောင်းချတာပါ။ဒီပွဲထူးခြားမှုကတော့ ပုလဲအတွဲရောင်းတာပါလာတာပေါ့။ကုန်သည် တက်ရောက်မှုကို ကြည့်ရင် အနီးဆုံးကျင်းပခဲ့တဲ့ နှစ်လယ်ပွဲထက် ပိုများတယ်။ ဈေးကွက် အခြေအနေကတော့ ပုံမှန်ပဲ ဖြစ်နေပါတယ်။ပြပွဲစနစ်တွေ နည်းနည်း ပြင်လိုက်တဲ့ အတွက် ကုန်သည် ပိုများလာတယ်။”ဟုကျောက်မျက်ပြပွဲဌာန၊ စီမံရေးရာလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယအထွေထွေမန်နေဂျာဦးသန်းဇော်ဦးကသတင်းမီဒီယာများအားပြောကြားခဲ့သည်။

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူ အပါအဝင် တာဝန်ရှိသူများ လိုက်လံ ကြည့်ရှုနေစဉ်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ပြပွဲသို့တက်ရောက်လာသည့် တရုတ်နိုင်ငံမှ ကုန်သည် တစ်ဦးက ပြပွဲတွင် ပြသထားသည့် ကျောက်စိမ်းများသည် အရည်အသွေးများလည်းကောင်းမွန်ပြီး ကြိုက်နှစ်သက်ပါကြောင်း ၊ ကျောက်စိမ်းအတွဲများမှာ ပြီးခဲ့သည့် နှစ်ထက် ပိုများကြောင်းပြောကြားခဲ့သည်။

ပြပွဲတွင် ပုလဲအတွဲများအတွက် အခြေခံဈေးမှာယူရိုငွေ ၅၀၀ ဖြစ်ပြီးဇွန် ၂၀ ၊ ၂၁ ရက်တို့တွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ၊ ကျောက်မျက်အတွဲများအားဇွန် ၂၀ ရက်မှ ၂၂ ရက် အထိခင်းကျင်း ပြသသွားမည် ဖြစ်ပြီးဇွန် ၂၃ ရက်တွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီးကျောက်မျက် အတွဲများအတွက် သတ်မှတ်သည့် အခြေခံဈေးမှာယူရိုငွေ ၅၀၀ ဖြစ်ကြောင်းသိရသည်။

ထို့အတူကျောက်စိမ်းအတွဲပေါင်း ၆၇၉၅ တွဲအားများအားဇွန် ၂၀ ရက်မှ ၂၃ ရက် အထိခင်းကျင်း ပြသသွားမည် ဖြစ်ပြီးဇွန် ၂၄ ရက်မှ ၂၉ ရက် အထိအိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ၊ ကျောက်စိမ်းအရိုင်းအတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးမှာယူရိုငွေ ၄၀၀၀ ဖြစ်ပြီးကျောက်စိမ်းအချောထည် အတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးမှာယူရိုငွေ ၁၀၀၀ ဖြစ်ကြောင်းသိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီးယခုပွဲမှာ ၉၃ ပွဲမြောက် ဖြစ်ကြောင်းသိရသည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၈ ခုနှစ် ၊ ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအားဇွန် ၂၀ ရက်မှ ၂၉ ရက် အထိကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီးယနေ့ကျင်းပသော ပြပွဲသို့ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူ ၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရူအားပေးခဲ့ကြသည်။

၂၀၁၇ ခုနှစ် အတွင်း၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ နှင့် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲတို့အားကျင်းပခဲ့ရာ၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ကျောက်မျက် အတွဲ ၃၂၆ တင်ပြ ရောင်းချရာ ၁၀၅ တွဲကိုယူရို ၃.၀၆၈ သန်း ဖြင့် ရောင်းချခဲ့ရပြီးကျောက်စိမ်းအတွဲပေါင်း ၆၅၆၁ တွဲတင်ပြ ရောင်းချရာ ၅၀၉၂ တွဲကိုယူရို ၅၁၅.၇၅၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ၊ နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကျောက်မျက် အတွဲ ၁၉၀ တွဲတင်ပြ ရောင်းချခဲ့ရာ ၃၂ တွဲကိုတန်ဖိုးငွေ ယူရို ဝ.၇၆၇ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ၊ ကျောက်စိမ်းတွဲ ၆၆၈၅ တွဲတင်ပြ ရောင်းချခဲ့ရာ ၅၀၅၄ တွဲကိုတန်ဖိုးငွေယူရို ၄၃၈.၅၈၃ သန်းဖြင့် ရောင်းချခဲ့ရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.