Connect with us

Local

တွံတေး တူးမြောင်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အတွက် ချေးငွေ သဘောတူ စာချုပ် လက်မှတ် ရေးထိုး

စီမံကိန်း အတွက် နှစ်နိုင်ငံအကြား ချေးငွေ သဘောတူ စာချုပ် လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တွံတေး တူးမြောင်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အတွက် ချေးငွေသဘောတူစာချုပ် (Loan Agreement)အား မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တွံတေး တူးမြောင်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၏ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၉.၂၄၂ သန်း ဖြစ်ကာ ကိုရီးယား သမ္မတ နိုင်ငံမှ ချေးငွေရယူမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၁.၃ သန်း ဖြစ်ပြီး ကျန်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၄၂ သန်းကို မြန်မာနိုင်ငံမှ ကျခံ သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်း ကာလမှာ ခြောက်နှစ် ဖြစ်ပြီး စီမံကိန်း ဆောင်ရွက် ခြင်းအားဖြင့် တူးမြောင်းအတွင်း ရေကြောင်း သွားလာမှု လုံခြုံစိတ်ချရခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေခြင်း၊ ကမ်းပြိုကမ်းစားမှုနှင့် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်သဖြင့် စိုက်ပျိုးမြေဆုံးရှုံးမှုနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အား လုံခြုံစေခြင်း နှင့် ခရီးသွားလုပ်ငန်း တိုးတက်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

တွံတေး တူးမြောင်း ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေအရင်း အမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး လုပ်ငန်းများမှာ တွံတေးတူးမြောင်းကမ်းပါး ထိန်းသိမ်းခြင်း၊ တွံတေးတူးမြောင်း(ဝ)မိုင်အနီး ရေဝဲအတွင်း ကျောက်ကြီး ဖြည့်ခြင်းနှင့် တူးမြောင်းတစ်လျှောက်တွင် ရေကြီးရေလျှံမှုကာကွယ် ရေး၊ ရေထိန်းကမ်းပတ်တာ တည်ဆောက်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံအကြား ချေးငွေ သဘောတူ စာချုပ်အား မြန်မာ အစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကိုရီးယားအစိုးရကိုယ်စား Korea Eximbank ၊ Yangon Represantative Office မှ LEE TAE-YONG (Chief Representative) တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.