Connect with us

Local

၆ လတာ ကာလအတွင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၉၃၀.၉၀၂ သန်းခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ

တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများအား စစ်ဆေးရေး စခန်းများ၌ ဖမ်းဆီး ရမိစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ ပစ္စည်းများအား မတ် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ၆ လတာ ကာလ အတွင်း စုစုပေါင်း တားဆီးမှု ၂၀၈၄ မှု ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅၉၃၀.၉၀၂ သန်းခန့်အား အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထို ၆ လတာ ကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီးမှ တားဆီးမှုပေါင်း ၉၀ မှု ၊ မန္တလေးတိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူး ရုံးများမှ တားဆီးမှု ၂၂၂ မှု ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများမှ တားဆီးမှု ၁၄၅၆ မှု ၊ နယ်စပ်(OSS) စစ်ဆေးရေးစခန်းများမှ တားဆီးမှု ၁၈၀ မှု ၊ မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးများမှ တားဆီးမှု ၁၃၆ မှု စုစုပေါင်း ၂၀၈၄ မှု ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊လေဆိပ်ကုန်လှောင်ရုံ ၊ ဆိပ်ကမ်းများ ၊ အထူးကင်း ၊ ရေပူ အမြဲတမ်း စစ်ဆေးရေး စခန်း ၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်း နှင့် အကောက်ခွန် နယ်မြေ ဒေသ အသီးသီးတို့တွင် တင်သွင်း/ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိ ဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များအား စစ်ဆေး ရှာဖွေ အရေးယူမှုများ ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.