Local
မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဆဋ္ဌမ နေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၈၃၃ တွဲကို ယူရို ၇၄.၁၂၂ သန်းဖြင့် ရောင်းချခဲ့
ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)
၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဆဋ္ဌမနေ့ ဖြစ်သည့် ဇွန် ၂၅ ရက်တွင် ကျောက်စိမ်း အတွဲ ပေါင်း ၈၃၃ တွဲကို ယူရို ၇၄.၁၂၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်းထံမှ သိရသည်။
ပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲ အမှတ် (၁၁၅၁) မှ (၂၃၀၀) ထိကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချ ခဲ့ရာ ကျောက်စိမ်း အတွဲ ပေါင်း ၈၃၃ တွဲကို ယူရို ၇၄.၁၂၂ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။
ထို့အတူ ကျောက်စိမ်း အတွဲ အမှတ် (၂၃၀၁) မှ (၃၄၅၀) ထိကို ဇွန် ၂၆ ရက်တွင် ဆက်လက် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၇၉၅ တွဲအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။
၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဇွန် ၂၀ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။(Xinhua)