Local
ရွာသာကြီးရပ်ကွက်အနီးရှိ မြေဧက ၉၀၀၀ခန့်ကို ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချပေးရန် စီစဉ်
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဒဂုံ(တောင်ပိုင်း)မြို့နယ် ရွာသာကြီးရပ်ကွက်အနီးရှိ ယခင်စိုက်ပျိုးရေး ဇုန်ဟောင်းမှ မြေဧက ၉ဝဝဝ ခန့်ကို ပြည်ပရင်းနှီးမြှုပ်နှံသူများထံ ရောင်းချပေးရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ စိုက်ပျိုးရေးဇုန်ဟောင်း တည်ရှိသည့် ဒဂုံ(တောင်ပိုင်း)မြို့နယ်သည် လက်ရှိအကောင်အထည် ဖော်နေသော သီလဝါ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းတို့နှင့် အနီးဆုံးနေရာတွင် တည်ရှိသည်။
ယင်း စိုက်ပျိုးရေးဇုန်ကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် တည်ထောင်ခြင်း ဖြစ်သော်လည်း အောင်မြင်မှု မရရှိသဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ပြန်လည်ရယူ၍ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင် များအား သင့်တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီစဉ်လျက်ရှိသည်။(Xinhua)