Local
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းတန်ဖိုး ကန်ဒေါ်လာ ၇၁၁.၇၁၇ သန်းဖိုး တင်ပို့နိုင်ခဲ့
ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ)
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၇၁၁.၇၁၇ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရေထွက်ပစ္စည်း ထုတ်လုပ်မှုအနေဖြင့် ငါးတန်ချိန် ၃၉၄၁၃၅.၈ မက်ထရစ်တန်၊ ပုစွန်တန်ချိန် ၁၅၉၀၅.၄၄ မက်ထရစ်တန်၊ အခြားရေထွက်ကုန် တန်ချိန် ၁၅၈၁၈၆.၀၉ မက်ထရစ်တန် ပြည်ပသို့ တင်ပို့ ရောင်းချ နိုင်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ ၇၁၁. ၇၁၇ သန်းကို ရေထွက် ပစ္စည်း ထုတ်လုပ်မှုမှ ရှာဖွေ နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း ဆောင်ရွက်မှု အနေဖြင့် ငါးသားပေါက် ကောင်ရေ ၆၃၁၁.၆၈၅ သိန်း ထုတ်လုပ်နိုင်ခဲ့ပြီး ငါးသားပေါက် ကောင်ရေ ၅၂၉၀.၉၄၁ သိန်း ရောင်းချနိုင်ခဲ့ကာ ၊ ငါးသားပေါက် ကောင်ရေ ၁၀၂၀. ၇၄၄ သိန်း မျိုး စိုက်ထည့်ပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)