Connect with us

Local

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ (၁၇) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေး

ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ (၁၇) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ (၁၇) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ၊ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့က International ပြပွဲကြီးတွေဆိုရင် ကျွန်တော်တို့ ဟောင်ကောင်တို့၊ စင်ကာပူတို့၊ ထိုင်းတို့မှာ လုပ်နေတဲ့ အခြအနေတွေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာရောင်းမယ့် သူတွေကလည်း မြန်မာပြည်ကို လာတယ်။ ဝယ်မယ့်သူတွေကလည်း မြန်မာပြည်ကို လာမယ်။ ဒီလို ပြပွဲမျိုးကို ကျွန်တော် ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း ယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနဲ့လည်း ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရတနာတွေအများကြီး ထွက်ပါတယ်။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ကျောက်စိမ်းတွေ၊ ကျောက်မျက်တွေ ကျွန်တော်တို့ဆီမှာ ထွက်ပါတယ်။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ မိုးကုတ်လို ပတ္တမြားလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဈေးကွက်ဟာ ကမ္ဘာ့ဈေးကွက်ထဲမှာ မရှိပါဘူး။ ကျွန်တော်တို့ ဈေးကွက်ကို ထူထောင်နိုင်တယ်ဆိုရင် ကျွန်တော်တို့ ဈေးကွက်မှာ လာရောင်းမယ်။ ကျွန်တော်တို့ ဈေးကွက်မှာ လာဝယ်မယ်ဆိုတဲ့ အခြေအနေဟာ Tourism လုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်နိုင်သလို ကျွန်တော်တို့ ဘက်ပိုင်းစုံကနေ ဆွဲတင်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။ Tourism လုပ်ငန်းဆိုတဲ့နေရာမှာ Tourist Guide တွေ အလုပ်ရလာမယ်။ စားသောက်ဆိုင်တွေ အလုပ်ရလာမယ်။ ဟိုတယ်တွေ အခန်းပြည့်မယ်။ ဒီ့အပြင်ကို ခရီးသွားနယ်ပယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းရှင် အသေးအလတ်တွေ အားလုံးကို မြှင့်တင်နိုင်တဲ့ အခြေအနေမျိုးရှိမှာ ဖြစ်ပါတယ်။’’ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာအဆင့်မီ ပြပွဲကြီးများအား ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေကြောင်းကိုလည်း ဆက်လက်ပြောကြားသည်။

“ပြင်ဆင်တယ်ဆိုတာ ကျွန်တော်တို့ တစ်နှစ် ပြင်ဆင်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ပြင်ဆင်မှ နောက်နှစ် နိုင်ငံတကာ ပြက္ခဒိန်မှာ ကျွန်တော်တို့ဘယ်မှာ ဘယ်ပွဲတွေ ရှိတယ်ဆိုတာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီပြပွဲကြီးတွေကို အမြန်ဆုံး ကျွန်တော်တို့ နှစ်စဉ်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရဘက်က ကြိုးစားပါတယ်။ နံပါတ် (၁) အခက်အခဲက နေရာဖြစ်ပါတယ်။ နေရာဟာ တကယ့်ကို နိုင်ငံတကာ ပြပွဲလုပ်နိုင်တဲ့ ပြပွဲ ခန်းမကြီးတွေ ရှိမှ ကျွန်တော်တို့ ဖြစ်မှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဘုရင့်နောင်လမ်းမှာရှိနေတဲ့ အရင်ဂုန်လျှော် စက်ရုံအဟောင်းနေရာတစ်ခုကို ပြပွဲ လုပ်နိုင်တဲ့ (၈)ဧကလောက် အမိုးရှိတယ်ဆိုတာ ဒါတော်တော်ကြီးတဲ့ ခန်းမကြီးတစ်ခုကို တည်ဆောက်နိုင်တဲ့ အခြေအနေတစ်ခု ရှိပါမယ်။ ဘုရင့်နောင်လမ်းမကြီးဘက်ကနေပြီး ကားလမ်းလည်း သွားနိုင်သလို ရေဘက်ကလည်း Water Bus တွေနဲ့ မြို့ထဲကနေ လာနိုင်မယ်ဆိုရင် Traffic ပြဿနာတစ်ချိ ု့ ကျွန်တော်တို့ ဖြေရှင်းနိုင်မယ့် အခြေအနေမျိုး ရှိပါတယ်။ ’’ ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

International အဆင့်ပြပွဲကြီးကို ၂၀၁၈ အကုန်နှင့် ၂၀၁၉ မှာ လုပ်နိုင်ရန် ယခုနှစ်မှစပြီး လုပ်ငန်းရှင်များအားလုံးရော၊ ဌာနဆိုင်ရာ အသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်လက်ပြောသည်။

အခမ်းအနားသို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးများနှင့် လုပ်ငန်းရှင်အသင်းများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.