Connect with us

Local

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈,၁၄၃ သန်း ဆောင်ရွက်နိုင်

ကုန်သွယ်မှုကာလတူနှိုင်းယှဉ်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအား အမေရိကန်ဒေါ်လာ ၈,၁၄၃ သန်း ဆောင်ရွက်နိုင်ခဲ့ရာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃,၅၉၈ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄,၅၄၅ သန်း ရှိသဖြင့် ပြည်ပ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈,၁၄၃ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် ကာလတူအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဒီဇင်ဘာလထိ) ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃,၄၅၅ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄,၅၆၂ သန်းဖြစ်၍ ပြည်ပ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈,၀၁၇ သန်း ဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် ၁၄၃ ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တွင် ၁၇ ဒေါ်လာသန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၆ သန်း ပိုမိုဆောင်ရွက် နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.