Connect with us

Culture & Entertainment

နှစ်ပေါင်း ၂,၂၀၀ သက်တမ်းရှိသော အစိုးရရုံး အပျက်အစီးများအား ဆန်ရှီးပြည်နယ်တွင် တူးဖော်တွေ့ရှိ


ရှီးအန်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ရှေးဟောင်းသုတေသနပညာရှင်များသည် ချင်မင်းဆက် (ဘီစီ ၂၂၁-၂၀၇) ခေတ်က ဂီတဋ္ဌာနဖြစ်ဟန်တူသော အစိုးရရုံးဋ္ဌာန တစ်ခု၏ အပျက်အစီးများအား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အပျက်အစီးများသည် ၁၁၀ မီတာရှည်လျားကာ ၁၉.၅ မီတာ ကျယ်ဝန်းပြီး အကျယ်အဝန်းတူ အခန်းလေးခန်းအား ထု ၃ မီတာရှိသည့် ရွှံစေးနံရံများဖြင့် ပြုလုပ်ထားကြောင်း ရှေးဟောင်းသုတေသန တက္ကသိုလ် ပြည်နယ်ဆိုင်ရာ သုတေသန လက်ထောက်သုတေသီ ကျန်းယန်လီကျန့်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရှီးပြည်နယ်တွင် တူးဖော်တွေ့ရှိခဲ့သော (ဘီစီ ၂၂၁-၂၀၇) ခေတ်က အစိုးရဋ္ဌာနရုံးဖြစ်ဟန်တူသော နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရှီးပြည်နယ်တွင် တူးဖော်တွေ့ရှိခဲ့သော (ဘီစီ ၂၂၁-၂၀၇) ခေတ်က အစိုးရဋ္ဌာနရုံးဖြစ်ဟန်တူသော နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ရှီးရှန့်နယ်မြေသစ်၌ တွေ့ရှိခဲ့သည့် အပျက်အစီးများအကြား ဗိသုကာပစ္စည်းများဖြစ်သော ကြွေပြားများနှင့် အုတ်များ၊ ကျောက်ခေါင်းလောင်း အပိုင်းအစများ၊ ရှေးဟောင်း တရုတ် စည်းချက်တူရိယာ တစ်ခု ပါဝင်ကြောင်း သိရသည်။

ခေါင်းလောင်း အစိတ်အပိုင်း ၂၃ ခုတွင် “မြောက်ဘက် နန်းတော်၏ ဂီတဋ္ဌာန” ဟု အဓိပ္ပါယ်ရသည့် “beigongyuefu” ဟူသော စကားလုံးအား ကဗျည်းရေးထိုးထားသည်ကို တွေ့ရကြောင်း တက္ကသိုလ်ဆိုင်ရာ တူးဖော်ရေး အဖွဲ့ခေါင်းဆောင် Xu Weihong က ပြောကြားခဲ့သည်။

“ကဗျည်းရေးထိုးထားချက်များက အဲဒီ အဆောက်အဦတွေကို ချင်မင်းဆက်က ရှေးဟောင်း ရှန်းယန်မြို့ရှိ ဂီတဋ္ဌာန၏ အစိုးရရုံးအဖြစ် အသုံးပြုခဲ့ကြောင်း သက်သေပြနေတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ခေါင်းလောင်းများသည် ရိုက်ခွဲခံထားရသည်ဟု မျှော်လင့်ရကြောင်း၊ အခန်းအတွင်းရှိ အခြားပစ္စည်းများမှာ ဖောက်ထွင်းခိုးယူခြင်းခံထားရနိုင်ကြောင်း၊ အရာဝတ္ထုများမှာ ပြာများဖြစ်နေသည်ကို တွေ့ရကြောင်း၊ ယင်းသည် ချင်အင်ပါယာ မင်းဆက် အဆုံးသတ်ချိန်၌ မီးလောင်ကျွမ်းခဲ့သည်ဟု ခန့်မှန်းရကြောင်း Xu Weihong က ပြောကြားခဲ့သည်။

သမိုင်း မှတ်တမ်းများအရ နောက်ဆုံး ချင်မင်းဆက် အထင်ကရ နိုင်ငံရေး ခေါင်းဆောင် ရှန်းယွီသည် ရှန်းယန်မြို့တွင် နေထိုင်စဉ် မီးရှို့ခြင်းခံခဲ့ရကြောင်း သိရသည်။

ဆန်းရှီးပြည်နယ်သည် Qinshihuang နှင့် Terracotta စစ်သည်များ၏ ဂူဗိမာန် အပါအဝင် ရှေးဟောင်းသုတေသန အရင်းအမြစ်များ ကြွယ်ဝသည့် နာမည်ကျော်ဒေသဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117