Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၌ ၂ဝ၁၇ ခုနှစ်တွင် ရုပ်ရှင်လုပ်ငန်းမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၈.၆ဘီလီယံ ရရှိခဲ့

နာမည်ကျော် တရုတ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇာတ်ဝင်ခန်း သရုပ်ဆောင်မှုတစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်းတွင်၂ဝ၁၇ ခုနှစ်၌ ပြည်တွင်းရုပ်ရှင်ဇာတ်ကားများက ဈေးကွက်၏ ၅၃.၈၄ ရာခိုင်နှုန်းအထိ တိုးတက်ပါဝင်လာခြင်းနှင့်အတူ ဝင်ငွေ တရုတ်ယွမ် ၅၅.၉ ဘီလီယံ( အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံ) ရရှိခဲ့ရာ ၁၃.၄၅ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းစာ ၊ ပုံနိုပ်ထုတ်ဝေမှု ၊ ရေဒီယို ၊ ရုပ်ရှင် နှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းရုပ်ရှင်ဇာတ်ကား“ Wolf Warrior II ” သည် ဝင်ငွေရရှိမှုတွင် ထိပ်ဆုံးတွင် ရပ်တည်နေပြီး လက်မှတ်ရောင်းရငွေ တရုတ်ယွမ် ၅.၆၈ ဘီလီယံ ရရှိခဲ့ရာ တရုတ်နိုင်ငံ၏ ဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် စံချိန်တင်ရပ်တည်ခဲ့သည်။

အခြားပြည်တွင်းရုပ်ရှင်ဇာတ်ကား ၄ ကားသည် ထိပ်ဆုံး ၁ဝ ကားစာရင်းတွင် ရပ်တည်ခဲ့ပြီး ၎င်းတို့အနက် တတိယနေရာ၌ Winner Never Say Die ၊ စတုတ္ထနေရာ၌ Kung Fu Yoga ၊ ပဉ္စမနေရာ၌ Journey to the West တို့က အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။ The Demons Strike Back နှင့် Youth တို့သည် အဆင့် ၈ နေရာတွင် ရပ်တည်ခဲ့သည်။

The Fate of the Furious သည် ဝင်ငွေအကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ထိပ်ဆုံး ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။ အခြားထိပ်ဆုံး ၁ဝ ကားစာရင်းဝင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများမှာ Transformers ၊ The Last Knight ၊ Dangal ၊ Pirates of the Caribbean ၊ Dead Men Tell No Tales နှင့် Kong: Skull Island တို့ပါဝင်ခဲ့သည်။

ဇိမ်မယ် ၂၂ ဦးအကြောင်း ရိုက်ကူးထားသည့် Twenty Two ဇာတ်လမ်းတွဲရုပ်ရှင်သည် တရုတ်နိုင်ငံရုပ်ရှင်ဇာတ်လမ်းတွဲများတွင် ဝင်ငွေ ယွမ် သန်း ၁ဝဝ ကျော်ရရှိခဲ့သည့် ပထမဆုံး ဇာတ်လမ်းတွဲဖြစ်ကြောင်း သိရသည်။(Xinhua)