Connect with us

Culture & Entertainment

ရှန်ဟိုင်း ဒစ္စနေးလန်း လက်မှတ်များ စတင်ရောင်းချ

ရှန်ဟိုင်း ဒစ္စနေးလန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ရှန်ဟိုင်း ဒစ္စနေးလန်း (Shanghai Disneyland) အား ဖွင့်လှစ်ရန် လျာထားသည့် ဇွန်လ ၁၆ ရက်နေ့ထက် နှစ်လခွဲခန့် စော၍ ဖွင့်လှစ်ကာ ဝင်ခွင့်လက်မှတ်များအား မတ်လ ၂၈ ရက်က စတင် ရောင်းချနေပြီ ဖြစ်သည်။

ရှန်ဟိုင်း ဒစ္စနေးလန်း ဝင်ခွင့်လက်မှတ်များ တရားဝင် ရောင်းချခွင့်ရှိသည့် အွန်လိုင်း မားကက်ပလေ့စ် တီမောလ် က မတ်လ ၂၈ ရက် ညနေ ၅း၀၀ နာရီအထိ တစ်နေ့တာ ဝင်ခွင့်လက်မှတ် ၃၅,၆၀၀ ကျော်နှင့် နှစ်ရက်အတွက် ဝင်ခွင့်လက်မှတ် ၁၂,၀၀၀ ကျော် ရောင်းခဲ့ရကြောင်း သိရသည်။

ရှန်ဟိုင်း ဒစ္စနေးလန်းအား တွေ့ရစဉ် (ဆင်ဟွာ)

လက်မှတ် အမှာများမှာ ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျိုး၊ နန်ကျင်းနှင့် ဟန်ကျိုးမြို့များမှ အများဆုံး ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်း ခရီးသွား အေးဂျင့်ဖြစ်သော Ctrip ကထုတ်ပြန်ထားသည်။

လက်မှတ် ဈေးနှုန်းများမှာ ပုံမှန်နေ့များ၌ ယွမ် ၃၇၀ (အမေရိကန် ဒေါ်လာ ၅၇) ဖြစ်ပြီး အားလပ်ရက်များနှင့် ပိတ်ရက်များတွင်မူ ယွမ် ၄၉၉ သတ်မှတ်ထားသလို ယင်းဈေးနှုန်းများသည် ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်သည်။ ထိုလက်မှတ်များတွင် စိတ်ဝင်စားစရာများနှင့် ဖျော်ဖြေရေး အစီအစဉ်အားလုံး ပါဝင်ပါသည်။

ရှန်ဟိုင်း ဒစ္စနေးလန်း အပန်းဖြေနေရာသည် ကမ္ဘာပေါ်တွင် ခြောက်ခုမြောက် ဒစ္စနေးလန်း အပန်းဖြေနေရာဖြစ် ပြီး ၂၀၁၁ ခုနှစ်တွင် ဖူတုန်း ခရိုင်သစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.