Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၌ ခရီးသွား အေဂျင်စီပေါင်း ၃၇,၀၀၀ ကျော်ရှိ

တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသွားများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း , အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ် ဇွန်လကုန် အထိ ခရီးသွားအေဂျင်စီ စုစုပေါင်း ၃၇,၇၉၄ ရှိကြောင်း ယဉ်ကျေးမှုနှင့် ခရီး သွားလာရေး ဝန်ကြီးဌာန(MCT)မှ အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန် ကြေညာမှု အရ သိရသည်။

ပြည်နယ်အဆင့် ဒေသကြီး ငါးခု ဖြစ်သည့် ပေကျင်း နှင့် အခြား ပြည်နယ်များဖြစ်သည့် ကွမ်တုန်း ၊ ကျန်းဆူး ၊ ကျဲ့ကျန်း နှင့် စန်းတုန်းတို့တွင် ခရီးသွားအေဂျင်စီ ၂,၅၀၀ ကျော် ရှိပြီး တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်း ပြည်နယ်သည် စုစုပေါင်း အေဂျင်စီ ၃,၁၀၈ ဖြင့် ပထမနေရာတွင် ရှိကြောင်း MCT ထံမှ သိရသည်။

ယခုနှစ် ပထမ ခြောက်လတွင် တရုတ်ခရီးသွား အေဂျင်စီများမှာ ပြည်တွင်း ခရီးစဉ် သွားလာရေး လုပ်ငန်းပေါင်း ၈ ဒသမ ၅၆ သန်းကျော် ဆောင်ရွက် ခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ အတွက် ထိပ်တန်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အရင်းအမြစ် ၁၀ ခုတွင် ကိုရီးယား ၊ အမေရိကန် နှင့် ဂျပန် နိုင်ငံတို့ ဖြစ်ကြောင်း MCT မှ မကြာမီက ထုတ်ပြန်သော အစီရင်ခံစာ အရ သိရသည်။

ယင်းအစီရင်ခံစာတွင် အလားတူကာလ အခြေအနေများကိုလည်း ဖော်ပြထားရာ ခရီးသွား အေဂျင်စီများမှ တစ်ဆင့် ပြည်ပ ခရီးစဉ်ပေါင်း သန်း ၃၀ ကျော်အား ခရီးသွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက် ခဲ့ကြောင်း သိရသည်။

ယခုနှစ် ပထမ ခြောက်လတွင် ခရီးသွား အေဂျင်စီများသည် ပြည်တွင်း ခရီးသွားများ အတွက် ခရီးသွား လုပ်ငန်း အဖြစ် ပြည်တွင်း ခရီးစဉ် ၇၈ ဒသမ ၁၂ သန်းကျော် လုပ်ကိုင်ခဲ့ရကြောင်း ၊ ကျဲ့ကျန်း ၊ ကျန်းဆူး နှင့် ဟူပိန် ပြည်နယ်များမှာ ခရီးသွား အရေအတွက် အများဆုံး သုံးနေရာ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ခရီးစဉ် သွားလာရေး ကဏ္ဍ ၊ ပြည်တွင်း ခရီးသွားများ အတွက် ခရီးသွား လုပ်ငန်း ကဏ္ဍ နှင့် ပြည်ပ ခရီးစဉ် သွားလာရေး ကဏ္ဍတို့အတွက် ဈေးကွက်ဝေစုများမှာ  ၆ ရာခိုင်နှုန်း ၊ ၇၉ ရာခိုင်နှုန်း နှင့် ၁၅ ရာခိုင်နှုန်းတို့ အသီးသီး ရှိကြောင်း MCT ထံမှ သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.