Connect with us

Culture & Entertainment

တရုတ်နိုင်ငံ မြက်ခင်းပြင် ဒေသ လှိုဏ်ဂူများရှိ နံရံဆေးရေး ပန်းချီများ ပြန်လည် ပြုပြင်ထိန်းသိမ်း

Arjai လှိုဏ်ဂူများ အတွင်းရှိ နံရံဆေးရေး ပန်းချီများအား တွေ့ရစဉ်(ဆင်ဟွာ)

HOHHOT ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ အော်ဒိုစ်မြို့ Otog Banner မြက်ခင်းပြင်ရှိ တောင်ကုန်း တစ်ခုပေါ်တွင် တိဘက်ဗုဒ္ဓဘာသာ နှင့် ဆက်စပ်သော နံရံဆေးရေး ပန်းချီ တစ်ထောင် နီးပါး ရှိသော လှိုဏ်ဂူများ နှင့် အတူ ဘုရားကျောင်းများ နှင့် နန်းတော်များ အပါအဝင် အခြား ရှေးဟောင်း အဆောက်အအုံများ တည်ရှိသည်။ 

နှစ်ပေါင်း ၁၆၀၀ သက်တမ်းရှိ အဆိုပါ Arjai လှိုဏ်ဂူများ၏ နံရံဆေးရေး ပန်းချီများအား ပြန်လည် ပြုပြင် ထိန်းသိမ်းမည့် အစီအစဉ် တစ်ခုအား ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ဆောင်နေသည့် အလုပ်သမားများက ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် စတင် လုပ်ဆောင်ခဲ့ရာ အစီအစဉ် တစ်ခုလုံးအား ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် မျှော်လင့်ရပြီး ယခုအခါတွင် လှိုဏ်ဂူများ၏ ကျောက်သားနံရံများအား အားဖြည့် အထောက်အကူ ပြုမှုများမှာ ပြီးစီးသလောက် ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

Arjai လှိုဏ်ဂူများ အတွင်းရှိ နံရံဆေးရေး ပန်းချီများအား တွေ့ရစဉ်(ဆင်ဟွာ)

Arjai လှိုဏ်ဂူများ အတွင်းရှိ နံရံဆေးရေး ပန်းချီများအား တွေ့ရစဉ်(ဆင်ဟွာ)

Arjai လှိုဏ်ဂူများ အတွင်းရှိ နံရံဆေးရေး ပန်းချီများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အဆောက်အအုံများကို ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော် အဆင့် ကာကွယ်စောင့်ရှောက်မှုအောက်တွင် ထားရှိထားကြောင်း သိရသည်။(Xinhua)