Culture & Entertainment
ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဘုရားများအနက်မှ ဘုရားခုနစ်ဆူအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
ပုဂံဒေသရှိငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဘုရားများမှ ယခုနှစ်တွင် ပြုပြင်ရန်လျာထားသည့် ဘုရား ၆၆ ဆူအနက်မှ ဘုရားခုနစ်ဆူအား သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရသည်။
ထိုကဲ့သို့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် ဘုရားများမှာ ဘုရားအမှတ် (၇၇၁)ဓမ္မရံကြီး၊ ဘုရားအမှတ်(၂၁၃ဝ)၊ ဘုရား အမှတ်(၂၁၃၁)၊ ဘုရားအမှတ် (၆၆၄) မလာဖြစ် ဘုရား၊ ဘုရားအမှတ် (၆၆၇) မလုံးဖြစ်ဘုရား၊ ဘုရားအမှတ်(၁၄၄၂)နှင့် ဘုရားအမှတ်(၁ဝ၈၆) စိမ်းညက်ညီမဘုရားတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂံဒေသရှိ ဘုရားများ၏ အတွင်းနံရံ ပန်းချီ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အရေး ပေါ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအဖြစ် သတ်မှတ် ကာ သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)