Connect with us

Economy

ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် ကြီးကျယ် ခမ်းနားမှုရှိပြီး သမိုင်းထင်ကျန်မည့် ဆောင်ရွက်မှုဟု ပြောကြား

အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Robert Hormats သတင်းစာ ရှင်းလင်းပွဲ တက်ရောက်နေစဉ် (Xinhua)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Robert Hormats မှ ကြီးကျယ် ခမ်းနားသည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းတွင် နိုင်ငံကြီးများပါဝင် သင့်ကြောင်း၊ ၎င်းပိုးလမ်းမကြီး စီမံကိန်းသည် သမိုင်း ထင်ကျန်စေမည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုးလမ်းမကြီး စီမံကိန်းသည် တရုတ်နိုင်ငံ၏ အင်အားကောင်းသော စီးပွားရေး ကျောထောက်နောက်ခံ ရှိသည့်အပြင် ပိုးလမ်းမကြီး အစီအစဉ် ဆောင်ရွက်မှုသည် တရုတ်နှင့် ကမ္ဘာ့ စီးပွားရေး အပြန်အလှန် ချိတ်ဆက်မှု အကျိုးသက်ရောက်မှုများ ရှိကြောင်း Robert Hormats က နားလည်ကြောင်း၊ ပိုးလမ်းမကြီး လုပ်ငန်းစဉ်သည် ဆယ်စုနှစ်များအတွင်း နိုင်ငံတစ်နိုင်ငံမှမှ ဖော်ဆောင်သော ကြီးကျယ် ခမ်းနားသည့် ဘက်ပေါင်းစုံသော နိုင်ငံတကာ စီးပွားရေး ပေါင်းစည်းမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် Johns Hopkins တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ဌာနမှ ပါမောက္ခ Bottelier မှ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ လိုအပ်သော အများပြည်သူ ကုန်စည် လိုအပ်ချက်ကို အထောက်အကူပြု နိုင်ကြောင်း၊ ပိုးလမ်းမကြီး စီမံကန်းသည် တရုတ်-အာရှနှင့် ဥရောပ-အာရှ ဖွံဖြိုးမှု အတွက် ပုံစံ အသစ်တစ်ခုကို ဖြစ်စေနိုင်ကြောင်း၊ ပိုးလမ်းမကြီး စီမံကိန်းသည် အာရှဒေသတွင်း နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိက ဒေသတို့ တိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှု အသစ်တစ်ရပ် ဖြစ်ကြောင်း၊ ပိုးလမ်းမကြီးသည် အာရှ၊ ဥရောပနှင့် အာဖရိက တိုက်ကြီး သုံးခုကို ဖုံးလွှမ်း ထားပြီး အဓိက စီးပွားရေး ကွင်းဆက် ဖြစ်သည့် အာရှနှင့် ဥရောပကို ချိတ်ဆက် ထားကြောင်း၊ ပိုးလမ်းမကြီး၏ လမ်းကြောင်း တလျှောက်တွင် အများစုမှာ အခြေခံ အဆောက်အဦး အားနည်းသော ဒေသများ ဖြစ်ကြသည်။ ထို့ကြောင့် အခြေခံ အဆောက်အဦး တည်ဆောက်မှုသည်လည်း ပိုးလမ်းမကြီး၏ လုပ်ငန်းဆောင်ရွက်မှု၏ ဦးစားပေး လုပ်ငန်း ဆောင်ရွက်မှု တစ်ခုဖြစ်လာခဲ့ကြာင်း ပြောကြားခဲ့သည်။

ပိုလမ်းမကြီး စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများဖြင့် လမ်းကြောင်းတလျှောက် လုပ်ငန်းလည်ပတ်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး လုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်ကာ ဒေသတွင်း နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်ကြောင်း၊ ရုရှားခေတ်မီ ဖွံဖြိုး တိုးတက်ရေး တက္ကသိုလ် စီးပွားရေးဌာန တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ (Xinhua)