Connect with us

Economy

ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူစာချုပ်ပေါင်း ၁၃၀ ကျော် တရုတ် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံမှ လန်ဒန်သို့ တိုက်ရိုက် ပြေးဆွဲမည့် ပထမဆုံး ကုန်တင်ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ခေတ်သစ် ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများနှင့်အတူ နှစ်နိုင်ငံ၊ ဒေသဆိုင်ရာ အပါအဝင် သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်ပေါင်း ၁၃၀ ကျော် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာနက ဧပြီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ သဘောတူ စာချုပ်များမှာ လွန်ခဲ့သော သုံးနှစ်ကျော်ကတည်းက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ရထားလမ်း၊ ကားလမ်းမကြီး၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး၊ စာတိုက် ဝန်ဆောင်မှုများ စသည်တို့ ပါဝင်ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဝူချူးကန်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

“သယ်ယူပို့ဆောင်ရေး ကွန်ရက် ချိတ်ဆက်မှုက ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း စတင် အကောင်အထည်ဖော်ရာမှာ ဦးစားပေး တည်ဆောက်ရမှာ ဖြစ်တယ်” ဟု ဝူက ပြောသည်။

တရုတ်အနေဖြင့် ခရီးသွားများနှင့် ကုန်စည်များအတွက် ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံများအား လွှမ်းခြုံနိုင်မည့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများလုပ်ဆောင်နိုင်သည့် နိုင်ငံတကာ လမ်းကြောင်း ၃၅၆ ကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အပတ်စဉ် တရုတ်နိုင်ငံနှင့် ခေတ်သစ် ပိုးလမ်းမကြီးရှိ နိုင်ငံပေါင်း ၄၃ နိုင်ငံနှင့် တိုက်ရိုက် လေကြောင်းခရီးစဉ် ပေါင်း ၄၂၀၀ ဖြင့် ချိတ်ဆက်ထားသည်။ လက်ရှိတွင် တရုတ်-ဥရောပ ကုန်တင် ရထားလမ်းကြောင်း ၃၉ ခုဖြင့် ပြေးဆွဲနေကြောင်းလည်း ဝူက ပြောသည်။

သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် စံနှုန်းများ၊ ကုန်းနှင့် ပင်လယ်လမ်းကြောင်းများ တည်ဆောက်ရေး၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အခြေအနေ အဆင့်မြှင့်တင်ရေး စသည်တို့၌ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက စီစဉ်ထားကြောင်း သိရသည်။

ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းသည် အာရှကို ဥရောပ၊ အာဖရိကတို့နှင့် ပို့ဆောင်ရေး ကွန်ရက် ချိတ်ဆက်ပေးမည် ဖြစ်ကာ ပါဝင်သည့် နိုင်ငံများအားလုံးအကြား ဘုံဖွံ့ဖြိုးမှု မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

လာမည့်လတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.