Connect with us

Economy

တရုတ်နိုင်ငံ စီးပွားရေးကို အဓိက ပံ့ပိုးပေးနိုင်မည့် မဟာပင်လယ်အော်ဧရိယာစီမံကိန်း

တရုတ်နိုင်ငံ ဟောင်ကောင်မြို့ ရှုခင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဟာ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့ အဖက်ဖက်က အားထုတ်ကြိုးပမ်းနေတဲ့အပြင် အဓိက ကုန်သွယ်ဖက်များဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ ထို့သို့ဆောင်ရွက်မှုများ အနက် မဟာပင်လယ်အော်ဧရိယာစီမံကိန်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ အဆင့်မြှင့်တင်ပြီးသား စီးပွားရေးစနစ်ကို များစွာ အထောက်အပံ့ပေးနိုင်မဲ့အပြင် တရုတ်နိုင်ငံ တောင်ပိုင်းဒေသ ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။

၂၀၁၇ခုနှစ် တရုတ်အစိုးရရဲ့ နှစ်ပတ်လည် အလုပ်အစီရင်ခံစာ အရ တရုတ်နိုင်ငံဟာ မဟာပင်လယ်အော်ဧရိယာ မှာ ပါဝင်တဲ့ ကွမ်တုံး၊ ဟောင်ကောင်၊ မကာအို ဒေသများအတွင်း အထူးစည်ကားတဲ့ မြို့ပြဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် အစီအစဉ်တစ်ခု ရေးဆွဲသွားမှာဖြစ်ပြီး ယင်းအစီအစဉ်ဟာ ဟောင်ကောင်နဲ့မကာအိုတို့ရဲ့ စီးပွားရေး ထူးခြားစွာပိုမိုတောင့်တင်းလာစေဖို့ အပြည့်အဝ ပါဝင်ဆောင်ရွက်ပေးနိုင်မဲ့အပြင် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၌ ယင်းဒေသများရဲ့ ရပ်တည်မှုများ နဲ့ အခန်းကဏ္ဍများကို မြှင့်တင်၍ ပွင့်လင်းမြင်သာမှု ရှိလာစေရန် လုပ်ဆောင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။

မဟာပင်လယ်အော်ဧရိယာ တည်ဆောက်ရေးကို ၁၃ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၂၀) မှာ ထည့်သွင်းစဉ်းစားပြီးဖြစ်တဲ့အတွက် မဟာပင်လယ်အော်စီမံကိန်းဟာ အကြံဉာဏ်သစ်တစ်ရပ် မဟုတ်ဘဲ ယခင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုခြေလှမ်းများ ဖြစ်တဲ့ ပုလဲမြစ် မြစ်ဝကျွန်းပေါ် နှင့် ပန်-ပုလဲမြစ် မြစ်ဝကျွန်းပေါ် စီမံကိန်းများကို အဆင့်မြှင့်တင်ထားခြင်းပင်ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ် အစပျိုးမှုဆောင်ရွက်မှုများ (Delta initiatives) ဟာ ပြည်မကြီးရဲ့ဖွံ့ဖြိုးတိုးတက်မှု ကို တွန်းအားပေးဖို့အတွက်ဖြစ်ပြီး ပင်လယ်အော်ဧရိယာ အစပျိုးဆောင်ရွက်မှု (Bay area initiative) ကတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းကွင်းဆက် အတွင်းမှာ အဓိကနေရာတစ်နေရာ ကို ဆုပ်ကိုင်နိုင်ဖို့နဲ့ ပြင်ပအချိတ်အဆက်များ ရရှိဖို့ဖြစ်ပါတယ် လို့ တရုတ်နိုင်ငံတောင်ပိုင်း မြို့ပြလေ့လာရေးဋ္ဌာနရဲ့ ဒုတိယဥက္ကဋ္ဌ စွန်းပုရူ က ပြောကြားခဲ့ပါတယ်။

ပင်လယ်အော်ဧရိယာ အစပျိုးဆောင်ရွက်မှု (Bay area initiative) ဟာ သဘာဝဘူမိဗေဒဆိုင်ရာ အခြေအနေများအပေါ် အခြေခံနေပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ ထိပ်တန်းအခန်းကဏ္ဍမှာ ရှိနေပါတယ်။ ယင်းအစပျိုးမှုကနေ ပွင့်လင်းမြင်သာတဲ့စီးပွားရေးဖွဲ့စည်းပုံ၊ အရင်းအမြစ်များ အကျိုးရှိစွာခွဲဝေနေရာချမှု နဲ့ နိုင်ငံတကာ ဆက်ဆံရေးကွန်ရက် အဆင့်မြှင့်တင်ခြင်းတို့ကို ဖြည့်ဆည်းသွားနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း ပင်လယ်အော်ဧရိယာအစပျိုးဆောင်ရွက်မှု ဖြစ်တဲ့ ဆန်ဖရန်စစ္စကိုအနီး ပင်လယ်အော်ဧရိယာ စီမံကိန်း မှာ အဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းများ၊ အဓိကကမ္ဘာ့လုံးဆိုင်ရာ ငွေကြေးစင်တာများ နဲ့ သယ်ယူပို့ဆောင်ရေးဆုံမှတ်များ ပါဝင်ကြောင်း တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန အမှုဆောင်ဒုတိယဥက္ကဋ္ဌ ကောဝမ့်ဒါ က ပြောကြားခဲ့ပါတယ်။

မဟာပင်လယ်အော်ဧရိယာစီမံကိန်း မှာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ နဲ့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်ရဲ့ မြို့ကိုးမြို့ဖြစ်တဲ့ ကွမ်ကျိုး၊ စိန်းကျန်၊ ကျူဟိုင်၊ တုန်ကွမ်၊ ဟွိုင်ကျုံ၊ ကျုံဆန်း၊ ဖော်ဆန်း၊ ကျောင်ချင့် နဲ့ ကျန်းမိန်းမြို့တို့ ပါဝင်ပါတယ်။

မဟာပင်လယ်အော်ဧရိယာ ဟာ တရုတ်နိုင်ငံမြေဧရိယာရဲ့ တစ်ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး လူဦးရေအနေနဲ့ တစ်နိုင်ငံလုံးလူဦးရေရဲ့ ငါးရာခိုင်နှုန်းထက် လျော့နည်းစွာ ရှိနေပေမယ့်လည်း သို့သော် ယင်းဧရိယာကနေ တစ်နိုင်ငံလုံး ၂၀၁၅ခုနှစ် GDP ရဲ့ ၁၃ရာခိုင်နှုန်းကို ဖန်တီးပေးနိုင်ပါတယ် ဟု စိန်းကျန်မြို့အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဝူဆုခေါင် က ပြောကြားခဲ့ပါတယ်။

၂၀၁၄ခုနှစ် အစောပိုင်းမှာတော့ ယင်းဧရိယာရဲ့ GDP ဟာ အမေရိကန်ဒေါ်လာ ၁.၂ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ဆန်ဖရန်စစ္စကိုအနီးရှိ ပင်လယ်အော်ဧရိယာ စီမံကိန်း ထက် နှစ်ဆ ပိုများကာ သွင်းကုန်၊ ပို့ကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၅ထရီလီယံ ရှိခဲ့ကြောင်း သိရပါတယ်။

ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုများ စတင်ချိန်တွင် တရုတ်နိုင်ငံတောင်ပိုင်းရှိ ပုလဲမြစ် မြစ်ဝကျွန်းပေါ်စီမံကိန်းဟာ ကမ္ဘာ့စက်ရုံတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်ကတော့ ၎င်းရဲ့ မျက်နှာစာ ကုန်အရောင်းဆိုင် အဖြစ် တည်ရှိခဲ့ပါတယ်။ ၂၁ရာစု အတွင်း ကွမ်တုံး၊ ဟောင်ကောင်၊ မကာအို တို့ဟာ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၃ခုနှစ်မှာ မဟာပင်လယ်အော်ဧရိယာ ရဲ့ GDP ဟာ အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျနိုင်ငံ တို့ထက်ကျော်လွန်ခဲ့ပြီး တောင်ကိုရီးယားနှင့် စပိန်နိုင်ငံ တို့နဲ့ တန်းတူအနေအထားတွင်ရှိခဲ့ကာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှု အား အထောက်အကူပြုရာတွင် အရေးပါလာကြောင်း စိန်းကျန်မြို့တာဝန်ရှိသူ လုဝမ်ဘင်း ကပြောကြားခဲ့ပါတယ်။

မဟာပင်လယ်အော်ဧရိယာ ဟာ တရုတ်နိုင်ငံ နဲ့ အခြားပြည်ပနိုင်ငံများ အကြား ယဉ်ကျေးမှုများ ဖလှယ်ရန် ချိတ်ဆက်ပေးရာ နေရာဖြစ်တဲ့အပြင် ၂၁ရာစု ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများအတွက် ပေါင်းကူး တံတားတစ်စင်းသဖွယ်ဖြစ်ကြောင်း လုကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မဟာပင်လယ်အော်ဧရိယာစီမံကိန်းကို “တစ်နိုင်ငံ စနစ်နှစ်ခု” မူနှင့်အညီ တရုတ်နိုင်ငံ၏ ဝိသေသလက္ခဏာများဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံ စနစ်နှစ်ခု ဆိုသည်မှာ ဟောင်ကောင်ဒေသအား ဟောင်ကောင်ပြည်သူတို့က အုပ်စိုးပြီး မကာအိုဒေသအား မကာအိုပြည်သူတို့က အုပ်စိုးကာ ဒေသနှစ်ခုစလုံးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ အမြင့်ဆုံးအကျိုးရလဒ်ကို ခံစားကြခြင်းပင်ဖြစ်ပါတယ်။

၁၉၇၀ပြည့်လွန်နှစ်များတွင် ပြုပြင်ပြောင်းလဲမှုများနဲ့ ပွင့်လင်းမြင်သာမှုများကို ပြုလုပ်ခဲ့စဉ်ကတည်းက ဟောင်ကောင်နဲ့ မကာအိုဒေသ ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပုလဲမြစ် မြစ်ဝကျွန်းပေါ် သို့ဝင်ရောက်ရန် လမ်းကြောင်းတစ်ခုဖြစ်ခဲ့ပြီး ယခုအခါ ပြည်မကြီးရဲ့ စီးပွားရေးလုပ်ငန်းများ ကမ္ဘာအထိ ထိုးဖောက်ဝင်ရောက်လာစေဖို့အတွက် ကြားခံဒေသဖြစ်လာခဲ့ပါတယ်။ သို့ဖြစ်၍ တရုတ်နိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေချိန်အတွင်း မဟာပင်လယ်အော်ဧရိယာစီမံကိန်း ကို အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရုံသာမက ပြည်ပမှ စီးပွားရေး အချိတ်အဆက်များရရှိကာ နိုင်ငံ၏ စီးပွားရေး လမ်းစသစ်များ ပေါ်ပေါက်လာမည်မှာ အမှန်ပင်ဖြစ်ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.