Connect with us

Economy

တရုတ်နိုင်ငံက ဒူဘိုင်းမြို့၏ စတုတ္ထအကြီးဆုံး ခရီးသွားဧည့်သည် အရင်းအမြစ်ဈေးကွက်ဖြစ်လာ

ဒူဘိုင်းမြို့ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa အား မီးအလှဆင်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဒူဘိုင်းမြို့၏ စတုတ္ထအကြီးဆုံး ခရီးသွားဧည့်သည် အရင်းအမြစ်ဈေးကွက် ဖြစ်လာခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ဒူဘိုင်းမြို့သို့ လာရောက်ခဲ့သည့် တရုတ်ခရီးသွားဧည့်သည် ၈၅၇,၀၀၀ ဦး ရှိခဲ့ကာ ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဒူဘိုင်းမြို့ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ယခုလို တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားရခြင်းမှာ ဗီဇာကင်းလွတ်ခွင့်ရှိခြင်း၊ တရုတ်ယာဉ်မောင်းလိုင်စင်ဖြင့် ကားမောင်းနှင်ခွင့်ပြုခြင်း၊ တရုတ် ရိုးရာပွဲတော်များ ကျင်းပပေးခြင်း စသည့် အာမခံချက်များအပါအဝင် လိုက်လျောညီထွေရှိသော မူဝါဒများရှိခြင်းကြောင်း ဖြစ်ကြောင်း ဒူဘိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)