Connect with us

Economy

တရုတ်နိုင်ငံက လေကြောင်းလိုင်းများတွင် မဆွေးမြေ့နိုင်သော ပလတ်စတစ် အသုံးပြုမှု တားမြစ်

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လာမည့်နှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းများတွင် တစ်ခါသုံး ပလတ်စတစ်ထုပ်ပိုးအိတ်များ၊ ပန်းကန်ခွက်ယောက်များနှင့် ပိုက်များ အသုံးပြုခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း တရုတ် မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာနက မေ ၂၆ ရက်၌ ပြောကြားခဲ့သည်။လာမည့်နှစ်တွင် နှစ်စဉ် ခရီးသည် အနည်းဆုံး ၂ သန်း ဆောင်ကြဉ်းပေးသော လေဆိပ်များတွင် ယင်းကဲ့သို့ အသုံးဆောင်များ
အသုံးပြုခြင်းကိုလည်း ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လေဆိပ်မျာအားလုံးနှင့် နိုင်ငံတကာလေကြောင်းလိုင်းများအား တိုးချဲ့သွားမည်ဖြစ်ကြောင်း မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာနက ပြောကြားခဲ့သည်။

ထိုသို့တားမြစ်မှုသည် မြို့ပြလေကြောင်းဦးစီးဌာနမှ ပလတ်စတစ် ညစ်ညမ်းမှုထိန်းချုပ်ရန် ထုတ်ပြန်ထားသော ငါးနှစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်မတိုင်မီ မြို့ပြလေကြောင်းလုပ်ငန်းတွင် မဆွေးမြေ့နိုင်သော
တစ်ခါသုံး ပလတ်စတစ်များ အသုံးပြုခြင်းကို ၂၀၂၀ ပြည့်နှစ်အဆင့် မှ သိသိသာသာ လျှော့ချသွားမည်ဖြစ်ကြောင်း အစီအစဉ်အရ သိရသည်။

တရုတ်နိုင်ငံရှိ လေကြောင်းလိုင်းများတွင် ကုမ္ပဏီအချို့က တစ်ခါသုံးပလတ်စတစ် ပန်းကန်ခွက်ယောက်များနေရာတွင် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများနှင့် လေယာဉ်ပေါ်တွင် အမှိုက်အမျိုးအစားခွဲခြားခြင်း စမ်းသပ်ဆောင်ရွက်ခြင်းဖြင့် အစိမ်းရောင်အသွင်ကူးပြောင်းမှု စတင်ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

China to ban disposable non-degradable plastic use on flights

BEIJING, May 26 (Xinhua) — China will ban the use of disposable plastic packaging bags, tableware and straws on domestic flights starting next year, the Civil Aviation Administration of China said Wednesday.

Airports with an annual throughput of at least 2 million passengers will also stop providing such products next year, and the ban will be extended to all airports and international passenger flights in 2023, the administration said.

The ban was part of a five-year plan released by the administration to control plastic pollution. By 2025, the consumption of disposable non-degradable plastic in the civil aviation industry will decline sharply from the 2020 level, according to the plan.

Airlines in the country have already started the green transition, with some companies replacing disposable plastic tableware with recyclable ones and piloting on-board garbage sorting. ■
An A330 airliner from the Sichuan Airlines taking part in the flight-test ceremony lands at the Chengdu Tianfu International Airport in Chengdu, capital of southwest China’s Sichuan Province, Jan. 22, 2021. (Xinhua/Shen Bohan)