Connect with us

Economy

တရုတ်နိုင်ငံက ၂ဝ၁၉ ခုနှစ်တွင် အခြေခံအဆောက်အအုံပိုင်း ရင်းနှီးမြှုပ်နှံမှုကို ငွေကြေးတိုးမြင့်သုံးစွဲမည်

တရုတ်နိုင်ငံ၌ ဟိုင်နန်ပြည်နယ်အတွင်းရှိ မိုးပျံ ရထားလမ်းပိုင်းများအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အရေးကြီးသောစီမံကိန်းများကို အကောင်အထည်ဖောင်ဆောင်ရွက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ရန် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာတစ်စောင်အရ သိရသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ထိပ်တန်းဥပဒေပြုကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်ပုံမှန်အစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် အစီရင်ခံစာပါ အကြောင်းအရာကို ထည့်သွင်းပြောကြားခဲ့သည်။

လီက ရထားလမ်းဖောက်လုပ်ရေးတွင် တရုတ်ယွမ်ငွေ ဘီလီယံ ၈ဝဝ ( အမေရိကန်ဒေါ်လာ ၁၁၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၊ လမ်းပိုင်းတည်ဆောက်ရေး နှင့် ရေလွှတ်မြောင်း စီမံကိန်းများအတွက် တရုတ်ယွမ် ၁.၈ ထရီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဓိကရေဆိုးစွန့်ပစ်ရေးစီမံကိန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် စီချွန်း-တိဘက်( Sichuan-Tibet) ရထားလမ်းပိုင်းတည်ဆောက်ရေး နှင့် အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပို့ဆောင်ရေး ၊ ထောက်ပို့၊ ပြည်သူ့ဝန်ဆောင်မှု ၊ သဘာဝဘေးဒဏ်ကာကွယ်ရေး နှင့် ဘေးကင်းရေး ၊ အရပ်ဘက်နှင့်အထွေထွေလေကြောင်းပို့ဆောင်ရေး နှင့် အနာဂတ်မျိုးဆက်သတင်းအချက်အလက်ပိုင်းဆိုင်ရာ အခြေခံအဆောက်အုံ စသည့်ကဏ္ဍများအပါအဝင် အခြားသော အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဝန်ကြီးချုပ်လီက ယခုနှစ် ရင်နှီးမြှုပ်နှံမှုနှင့်ဆက်စပ်သော ဗဟိုအစိုးရဘက်ဂျက်ငွေမှာ တရုတ်ယွမ်ငွေ ၅၇၇.၆ ဘီလီယံ ထိရှိနေရာ ပြီးခဲ့သော နှစ်ကထက် ၄ဝ ဘီလီယံထိ တိုးမြင့်ခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ငွေကြေးဆိုင်ရာစီမံကိန်းပုံစံသစ်များ ၊ အခြေခံအဆောက်အအုံပိုင်းအတွက် သင့်တင့်သော မတည် ရင်းနှီးငွေ ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်မှု နှင့် အရေးကြီးသောနယ်ပယ်ကဏ္ဍများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပိုမိုစွဲဆောင်နိုင်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း လီက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)