Connect with us

Economy

တရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီ တာဝန်ယူပါဝင်တည်ဆောက်သည့် ယူအေအီးနိုင်ငံ ရထားလမ်း စီမံကိန်း ရထားလမ်းခင်းကျင်းခြင်းလုပ်ငန်း တရားဝင်စတင်

တရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီ တာဝန်ယူပါဝင်တည်ဆောက်သည့် ယူအေအီးနိုင်ငံ ရထားလမ်း စီမံကိန်း လက်မှတ်ရေးထိုးခြင်းအခမ်းအနားအား မြင်တွေ့ရစဉ်(ဓာတ်ပုံ- CSCEC ME)

ဒူဘိုင်း ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ CSCEC ME ကုမ္ပဏီ နှင့် တောင်ကိုရီးယားနိုင်ငံ SKE&C ကုမ္ပဏီ တို့ ပူးပေါင်းတာဝန်ယူ တည်ဆောက်သည့် ယူအေအီးနိုင်ငံ ရထားလမ်းစီမံကိန်းသည် လတ်တလောရက်ပိုင်းတွင် အရေးပါသည့် ချိတ်ဆက်မှုအပိုင်းများကို သက်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် ရထားလမ်းခင်းကျင်းသည့် လုပ်ငန်းအား တရားဝင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သတင်းအချက်အလက်များအရ ယူအေအီးနိုင်ငံ ရထားလမ်းစီမံကိန်း ၏ ဒုတိယအပိုင်း ဖြစ်သည့် C0303 ရထားလမ်းပိုင်း (Etihad ရထားလမ်း ဒုတိယအပိုင်း A အမှတ်) သည် ယင်းရထားလမ်း စီမံကိန်း ၏ ဒုတိယအပိုင်း တွင် ဦးစွာဆောင်ရွက်သည့် ရထားလမ်းပိုင်းဖြစ်ပြီး အကွာအဝေး ၁၄၀ ကီလိုမီတာ ရှိကာ ၂၀၁၉ ခုနှစ် မတ်လတွင် စတင်ခဲ့ကြောင်း သိရသည်။
CSCEC ME ကုမ္ပဏီ သည် တရုတ်နိုင်ငံ China State Construction Engineering Corporation (CSCEC ) လက်အောက်တွင်လုပ်ကိုင်နေသည့် ယူအေအီးနိုင်ငံရှိ ကုမ္ပဏီ တစ်ခုဖြစ်သည်။ ယူအေအီးနိုင်ငံ ရထားလမ်း စီမံကိန်း တည်ဆောက်ရန် လုပ်ငန်းပေးအပ်ခဲ့သည့် Etihad ရထားလမ်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Shadi Malak က ရထားလမ်းအား တာဝန်ယူတည်ဆောက်သောလုပ်ငန်း ကုမ္ပဏီ အနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပွားသည့် သက်ရောက်မှုကို ရင်ဆိုင်ဖြေရှင်းကာ သက်မှတ်ထားသည့် ကာလအတိုင်း အရည်အသွေးမြင့်မားစွာ လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ချီးကျူးကြောင်း ၊ အနာဂတ်တွင်လည်း စီမံကိန်း အရေးပါသည့် အပိုင်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပြီးစီးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ယူအေအီးနိုင်ငံ ရထားလမ်းကွန်ရက်သည် ပင်လယ်ကွေ့ရထားလမ်း ကွန်ရက် ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တည်ဆောက်ပြီးစီးချိန်တွင် ယူအေအီးနိုင်ငံ အတွင်းရှိ အဓိက စက်မှုလုပ်ငန်း ၊ တည်ဆောက်မှုလုပ်ငန်း ၊ ကုန်စည်ပို့ဆောင်မှုလုပ်ငန်း ၊ လူထူထပ်သည့် ဒေသ နှင့် အရေးပါသည့် ဆိပ်ကမ်း ဗဟိုစင်တာများအားလုံး ကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း ၊ ရထားလမ်း စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲခြားထားပြီး ပထမအပိုင်းကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရထား စတင်ဖြတ်သန်းမောင်းနှင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)

(财经)中企参与承建的阿联酋铁路项目正式进入铺轨阶段

  新华社迪拜1月12日电(记者苏小坡)由中建中东公司和韩国SKE&C公司联合承建的阿联酋联邦铁路项目日前如期完成重要节点,正式进入铺轨阶段。
  据介绍,阿联酋联邦铁路项目二期C0303合同段(也称伊提哈德铁路二期A标)是该项目二期工程首个标段,总长度约140公里,于2019年3月开工。
  中建中东公司是中国建筑集团有限公司在阿联酋的子公司。项目业主方伊提哈德铁路公司首席执行官沙迪•马拉克对承建方克服新冠疫情影响如期高质量履约表示赞许,并表示对项目未来关键节点顺利完成充满信心。
阿联酋联邦铁路网是海湾铁路网络的重要组成部分,建成后将覆盖该国主要工业中心、制造中心、物流中心、人口密集区和重要港口口岸。项目包括两期工程,一期已于2016年建成通车。(完)

Photo

中建中东联合韩国SKE&C公司,承建阿联酋国家铁路项目签约仪式现场(来源:中建中东官网)